မုန်တိုင်းငယ် ပိုမိုအားကောင်းလာ


မုန်တိုင်းငယ် ပိုမိုအားကောင်းလာ
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်နေတဲ့ မုန်တိုင်းငယ်ဟာ အားကောင်းတဲ့ မုန်တိုင်းငယ် ဖြစ်သွားပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ မွန်းလွဲ ၂ နာရီအချိန်မှာ ထုတ်ပြန်ပါတယ်။

ဒီနေ့ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်နေတဲ့ မုန်တိုင်းငယ် (Depression) ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းကို ရောက်ရှိပြီး ပိုအားကောင်းလာတယ်လို့ ဆိုပါတယ်။
မုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၄၆၀ လောက်၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၆၀၅ မိုင်လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး လက်ရှိအခြေအနေကတော့ မြန်မာနိုင်ငံဘက်ကို ရွေ့လျားဖို့ အခြေအနေမရှိသေးဘူးလို့ ဆိုပါတယ်။

အဲဒီအားကောင်းတဲ့ မုန်တိုင်းငယ်ဟာ နောက် ၉ နာရီ (မြန်မာစံတော်ချိန် ည ၁၁ နာရီ) အတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ် ရောက်နိုင်ပြီး ကနဦးမှာတော့ မြောက်-အနောက်မြောက်ကို ရွေ့လျားပြီး မေ ၁၇ ရက် နောက်ပိုင်းမှာတော့ မြောက်-အရှေ့မြောက်ဘက်ကို ကွေ့ပြီး ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဒီနေ့ နေ့လယ်ကနေ နောက် ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်တိုင်းတိုင်း အထက်ပိုင်းနဲ့ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပင်တို့မှာ မိုးသက်လေပြင်းကျတုန်း ရေပြင် မြေပြင် လေဟာ ၁ နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၈ ပေကနေ ၁၂ ပေလောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

Post a Comment

0 Comments