မြန်မာပိုင် ပထမဆုံးဂြိုဟ်တု ဂျပန်အကူအညီဖြင့် ၂၀၂၁ ခုနှစ်တွင် စတင်လွှတ်တင်မည်


မြန်မာပိုင် ပထမဆုံးဂြိုဟ်တု ဂျပန်အကူအညီဖြင့် ၂၀၂၁ ခုနှစ်တွင် စတင်လွှတ်တင်မည်
မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးသော ဂြိုဟ်တုလွှတ်တင်မှုကို ဂျပန်နိုင်ငံရဲ့ နည်းပညာ အကူအညီနဲ့ လာမယ့် ၂၀၂၁ ခုနှစ်မှာ စတင်နိုင်မယ်လို့ ဂျပန်အခြေစိုက် Nikkei Asian Review သတင်းတပုဒ်မှာ မေလ ၁၁ ရက်နေ့က ဖော်ပြပါတယ်။

လက်ရှိမှာတော့ ဒီစီမံကိန်းကို ဂျပန်နိုင်ငံ၊ ဟိုကိုင်းဒိုးတက္ကသိုလ်နဲ့ တိုဟိုကုတက္ကသိုလ်တွေက အင်ဂျင်နီယာတွေ၊ သုတေသနပညာရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်သွားနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုတခုဖြစ်လာမယ့် ဒီလွှတ်တင်မှုကနေ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ စောင့်ကြည့်နိုင်ဖို့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီး ဆုံးရှုံးမှုတွေ လျှော့ချနိုင်ဖို့၊ ကာကွယ်နိုင်ဖို့ကနေ စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်မှု တိုးတက်လာစေဖို့တွေအထိ အသုံးပြုနိုင်လိမ့်မှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Post a Comment

0 Comments