လူမည်းအမျိုးသားသေဆုံးခဲ့သည့်အတွက် အိမ်ဖြူတော်အနီး မီးရှို့မှုများဖြစ်ပေါ်နေ

လူမည်းအမျိုးသား ဂျော့ချ် ဖလွိုက်သေဆုံးမှုအတွက် အမေရိကန်သမ္မတ အိမ်ဖြူတော်နား ဆန္ဒပြနေတဲ့သူတွေဟာ မေလ ၃၁ ရက်ညနေပိုင်းက ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တိုး ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ ပါတယ်။

ဆန္ဒပြသူတွေဟာ လာဖေးယတ်ပန်းခြံနားမှာ မီးရှို့တာတွေ လုပ်ခဲ့ပြီး အဓိကရုဏ်းနှိမ်နင်ရေးတပ်ဖွဲ့တွေနဲ့ မျက်နှာချင်းဆိုင်ကာ ဂျော့ဖလွိုက်နာမည်ကို ကြွေးကြော်ခဲ့ကြတယ်လို့ အမေရိကန် ပြည်တွင်းအန်ဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

သတင်းတွေအရ အိမ်ဖြူတော်ပတ်ဝန်းကျင်နားမှာ မီးတင်ရှို့မှုတွေ အများအပြားရှိခဲ့ပါတယ်။

အမေရိကန်အစိုးရရုံးစိုက်ရာမြို့တော်ဖြစ်တဲ့ ဝါရှင်တန်မှာ မေလ ၃၁ ရက် ည ၁၁ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားခဲ့တယ်လို့ ဆိုပါတယ်။


Post a Comment

0 Comments