လော့စ်အိန်ဂျလိစ်တွင် ပေါက်ကွဲမှုဖြစ်၊ မီးသတ်သမား ၁၁ ဦး ဒဏ်ရာရ


လော့စ်အိန်ဂျလိစ်တွင် ပေါက်ကွဲမှုဖြစ်၊ မီးသတ်သမား ၁၁ ဦး ဒဏ်ရာရ
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ်ကောင်မှာ မေလ ၁၆ ရက်က မီးလောင်ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့လို့ မီးသတ်သမားအနည်းဆုံး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
မီးလောင်ဒဏ်ရာရတဲ့ မီးသတ်သမားတွေကို ဆေးရုံတင်ထားရပြီး ဒီထဲက နှစ်ဦးက အရေးပေါ် အခြေအနေမှာ ရှိနေပါတယ်။
မီးလောင်မှုဖြစ်စေခဲ့တဲ့ ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ပြီး အခင်းဖြစ်ရာ နေရာကို အရေးပေါ်ကယ်ဆယ်ရေးအတွက် မီးသတ်သမားအယောက် ၂၃၀ ကျော် ရောက်ရှိခဲ့ပါတယ်။
မီးသတ်ကားတစီးလည်း မီးလောင် ပျက်စီးခဲ့ပေမယ့် အရပ်သားတွေတော့ ဒဏ်ရာမရဘူးလို့ ရိုက်တာသတင်းက ရေးပါတယ်။
လော့စ်အိန်ဂျလိစ်ခရိုင်ဟာ COVID-19 အတည်ပြုလူနာ ဦးရေ ၃၆,၀၀၀ ကျော် တွေ့ထားပြီး သေဆုံးသူ ၁,၇၀၀ ကျော် ရှိပါတယ်။


Post a Comment

0 Comments