မြန်မာနိုင်ငံမှာ COVID-19 လူနာ နောက်တဦးတွေ့ရှိ

မြန်မာနိုင်ငံမှာ COVID-19 လူနာ နောက်တဦးတွေ့ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နောက်တဦးကို ထပ်မံအတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် ရောဂါကူးစက်သူ စုစုပေါင်း ၂၂ ဦးအထိ ရှိသွားပါပြီ။  မကြာသေးခင်က ပြည်ပခရီးသွားခဲ့သူ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာ တွေ့ရှိရကြောင်း တနင်္လာနေ့မှာပဲ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက အတည်ပြုလိုက်တာပါ။  COVID-19 ရောဂါ ကူးစက်ခံထားရသူအဖြစ် အစောပိုင်းမှာ အတည်ပြုထားသူ အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသူ တဦးနဲ့အတူ မကြာသေးခင်တုန်းက ပြည်ပခရီးစဉ်တွေ အတူသွားခဲ့သူ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းက မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ပြီးနောက် အသွားအလာ ကန့်သတ်စောင့်ကြည့်ကာလအတွက် သီးသန့်သတ်မှတ်ထားတဲ့ ဟိုတယ်တခုမှာ တခန်းထဲအတူနေထိုင်ခဲ့သူ ဖြစ်တယ်လို့လည်း ပြောပါတယ်။  အခုနောက်ဆုံး အတည်ပြုလိုက်တဲ့ လူနာရဲ့ အခြေအနေက ကောင်းမွန်နေကြောင်းနဲ့ ကျန်လူနာတွေထဲက ၂ ဦးကတော့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားပြီး ကုသမှုပေးထားရကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
Credit 

Post a Comment

0 Comments