နေပြည်ေ တာ်ဆေးရုံ ရွိ COVID-19 လူနာ ဆြစ္ဇာလ န်နိုင်ငံသူတွင် ရောဂါပိုးမတွေ့ရှိတော့

နေပြည်ေ တာ်ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ ဆွစ်ဇာလန်နိုင်ငံသူ COVID-19 Positive အတည်ပြုလူနာထံမှာ အခုရက်ပိုင်း ဆေးစစ်ချက်တွေအရ ရောဂါပိုး မတွေ့ရတော့ဘူးလို့ နေပြည်တော် ဒုမြို့တော်၀န် ဦးရဲမင်းဦးက ပြောပါတယ်။
နေပြည်တော်ရှိ ယူအန်ရုံးမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၅၈ နှစ်အရွယ်ရှိ ဆွစ်ဇာလန်နိုင်ငံသူ ထံမွာ COVID-19 ရောဂါပိုးတွေ့ရှိရကြောင်း ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနက မတ္လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီဆွစ်ဇာလန်နိုင်ငံသူကို နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ သီးသန့်ထားရှိပြီး ကုသပေးနေရာမှာ အခုရက်ပိုင်း ဆေးစစ်ချက်တွေအရ COVID-19 ပိုး မတွေ့ရတော့ဘူးလို့ ဒုမြို့တော်၀န် ဦးရဲမင်းဦးက ပြောပါတယ်။
ဒီရက်ပိုင်းမှာ စမ်းသပ်ချက်အရ သူက Negative ဖြစ်သွားပြီ။ ဒါပေမယ့် ကျန်းမာရေး၀န်ကြီးဌာနက လိုအပ်ချက်အရ သူ့ကို ထပ်ပြီးတော့ စောင့်ကြည့်နေတယ်ပေါ့။ အကြိမ်ကြိမ်တော့ ထပ်ပြီးတော့ ပြန်စမ်းဦးမှာပေါ့။ ပြန်စမ်းလို့နောက်ဆုံး Negative ဖြစ်သွားပြီဆိုရင် ကျနော်တို့ဆီမှာ နိုင်ငံခြားက ပြန်လာတဲ့သူတောင်မှပဲ Positive မရှိတော့ဘူးလို့ ပြောလို့ရတယ် 
COVID-19 Positive ဖြစ်နေတဲ့ လူနာတွေကို ကုသမှုခံယူနေတဲ့ ကာလအတွင်း ဓါတ်ခွဲနမူနာယူစမ်းသပ်စစ်ဆေးရာမှာ ပိုးမတွေ့တဲ့ အကြိမ် နှစ်ကြိမ်ဆက်တိုက်တွေ့ရမှသာ ရောဂါပျောက်ကင်းတယ်လို့ ယူဆပြီး ဆေးရုံကနေ ဆေးခွင့်ပြုဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လမ်းညွှန်ထားတာပါ။
ဒါ့ကြောင့် အခု နေပြည်တော်က Positive လူနာကိုလည်း နောက်ထပ် ၄၈ နာရီကျော်မှာ ထပ္မံ ဓါတ်ခွဲစမ်းသပ်သွားရဦးမှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။
နေပြည်တော်ကလူနာက တစ်ကြိမ် Negative ဖြစ်နေပါပြီ။ နောက်ထပ် ၄၈ နာရီကြာတဲ့ အခါနောက်ထပ်တစ်ကြိမ် ဓာတ္ခြဲ နမူနာယူပြီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှာဖြစ်ပါတယ်။ နှစ်ကြိမ်ဆက်တိုက် Negative ရခဲ့ရင်တော့ ဒီလူနာကို ဆေးရုံက ဆင်းခွင့်ပြုဖို့အတွက် သတ်မှတ်ချက်နဲ့ညီတဲ့ အခြေအနေကို ရောက်ပြီဖြစ်ပါတယ်။ ဒီလူနာကို ကုသမှုပေးနေတဲ့ နေပြည်တော်ကုတင် ၁၀၀၀ က Clinical Management Team ရဲ့ အဆုံးအျဖတ္ကိုပဲ အဓိကထားပြီးတော့ ဆက်လက် ဆောင်ရွက်ဖို့အတွက် စီစဉ်ထားတာဖြစ်ပါတယ်။လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ COVID-19 ရောဂါဖြစ်ပွားတဲ့ အတည်ပြုလူနာ ၂၁ ဦးရှိနေပြီး ကင်ဆာရောဂါရှိသူ ၁ ဦးသေဆုံးကာ ရောဂါပိုးမတွေ့ရတော့တဲ့သူ အခု နေပြည်တော်က လူနာအပါအ၀င် နှစ်ဦးရှိလာပြီဖြစ်ပါတယ်။

Credit

Post a Comment

0 Comments