မြန်မာပြည်က ပြန်မယ့်သူ ၂၆၇ ယောက် အမေရိကန်သံရုံးကူညီ

မြန်မာပြည်က ပြန်မယ့်သူ ၂၆၇ ယောက် အမေရိကန်သံရုံးကူညီ  မြန်မာနိုင်ငံမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်သူ ၂၆၇ ယောက်ကို အမေရိကန်ပြန်နိုင်ဖို့ သံရုံးက ကူညီပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။ အမေရိကန်အစိုးရ စီစဉ်ပေးတဲ့ လေယာဉ်နဲ့ ရန်ကုန်လေဆိပ်ကနေ အဲဒီ ၂၆၇ ယောက် ဒီကနေ့ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အဆင်ပြေအောင် မြန်မာအာဏာပိုင်တွေ ကူညီပေးခဲ့တာကိုလည်း သံရုံးကြေညာချက်မှာ ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။ ရောဂါကာကွယ်နိုင်ဖို့ လူတိုင်းသတင်းတွေ နားစွင့်ထားဖို့လည်း အမေရိကန်သံရုံးက တိုက်တွန်းပါတယ်။  COVID-19 ရောဂါအကြောင်း သိချင်တဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန website ရဲ့ step.state.gov မှာ Smart Traveler Enrollment Program အစီအစဉ်မှာ ပါဝင်ထားကြဖို့နဲ့ နိုင်ငံသားတွေအတွက် လုပ်ထားတဲ့ Twitter စာမျက်နှာတွေကို ကြည့်ကြဖို့ အကြံပြုထားပါတယ်။  Twitter လိပ်စာက @ACSRangoon ဖြစ်ပါတယ်။ အကူအညီလိုအပ်ရင် acsrangoon@state.gov ကို အီးမေးလ်နဲ့ဆက်သွယ်နိုင်တယ်လို့လည်း ရန်ကုန်မြို့ အမေရိကန်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ တုံ့ပြန်ရေးအတွက် အမေရိကန်သံရုံးက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ဆက်လက် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောထားပါတယ်။  အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ထောက်ပံ့ရေးအေဂျင်စီ USAID ကလည်း COVID 19 ရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၃.၈ သန်း ကူညီဖို့ ကတိပြုထားပါတယ်။  အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC ကလည်း လူနာတွေနဲ့ထိတွေ့နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ဆက်လက်ပေးနေတယ်လို့ သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Credit

Post a Comment

0 Comments