စင်ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မူ့ စံချိန်သစ်တင်

ဒီနေ့ ဧပြီ (၅) ရက်ညနေ စင်ကာပူအစိုးရသတင်းထုပ်ပြန်ချက်အရ စင်ကာပူတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၂၀) ဦး တွေ့ရှိပြီး ကူးစက်မူ့ စံချိန်သစ်တင်သွားကြောင်းသိရပါတယ်။ ဒါကြောင့် စင်ကာပူမှာ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း (၁၃၀၉) ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီနေ့ ကူးစက်ခံရသူ (၁၂၀) ဦးမှာ (၄) ဦးသည် ပြည်ပမှ ဝင်ရောက်လာသော Imported cases များဖြစ်ပြီး (၁၁၆) ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်။ ပြည်တွင်းကူးစက်မှုထဲမှ (၇၆) ဦးသည် နိုင်ငံခြားသား Long term work pass holder များဖြစ်ကြပြီး အများစုသည် S11 Dormitory နှင့် Westlite in Toh Guan Dormitory မှ ဖြစ်ကြပါတယ်။ကူးဆက်ခံရတဲ့ အလုပ်သမားတန်းလျှားမှာ လူ ၂ သောင်းခန့်နေထိုင်ပြီး ၎င်း ၂ ခုစလုံးကို ယခုအခါ ထိုနေရာ ၂ခုကို ၁၄ ရက်သီးခြားခွဲထားလိုက်ပြီဖြစ်ပါတယ်
စင်ကာပူမှာ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း (၁၃၀၉) ဦးရှိပြီး… ရောဂါသက်သာလာလို့ ဆေးရုံမှ ဆင်းသူ စုစုပေါင်း – ၂၉၇ ဦးရှိပြီး သေဆုံးသူစုစုပေါင်း- ၆ ဦးရှိကြောင်းသိရပါတယ်။

Credit

Post a Comment

0 Comments