ဆရာဝန်တစ်ဦးအပါအဝင် လူသုံးဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ၊ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၁ ဦးရွိလာ

- စောင့်ကြည့်လူနာနှင့် Quarantine စုစုပေါင်း (၁၆၇) ဦး၏ ဓာတ္ခြဲ နမူနာမ်ားကို စစ်ဆေးခဲ့ရာ လူနာ (၃) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ

- ကျန် (၁၆၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရွိ

COVID-19 လူနာအမှတ် ၂၉ သည် ရှမ်းပြည်နယ် ( တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် နေထိုင်သည့် အသက် (၂၆) နှစ်အရွယ် အမျိုးသားဖြစ်

- မတ္လ ၂၈ ရက္က အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မင်္ဂလာဒုံမြို့နယ်ရှိ သတ်မှတ်နေရာတွင် အသွားအလာကန့်သတ်ခြင်း (Facility Quarantine) ခံယူ

- ယင်းကို စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး၊ တောင်ကြီးမြို့သို့ လွှဲပြောင်းကုသရန်စီစဉ်နေပြီး လတ်တလောကျန်းမာရေး အခြေအနေမှာ ကောင်းမွန်

COVID-19 လူနာအမှတ် ၃၀ သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်တစ်ဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာတစ်ဦးကို အနီးကပ် ဆေးကုသပေးခဲ့သည့် ရာဇဝင်ရှိ

- လူနာကို ဝေဘာဂီဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ်နေပြီး လတ်တလောကျန်းမာရေး အခြေအနေမှာ ကောင်းမွန်

COVID-19 လူနာအမှတ် ၃၁ သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် နေထိုင်သော အသက် (၄၉) နှစ်အရွယ် အမျိုးသမီးဖြစ်

- COVID-19 လူနာအမှတ် ၀၁ က ကေလးမွ တီးတိန်သို့သွားစဉ် ယင်း၏(လူနာအမှတ် ၃၁) နေအိမ်၌ ညအိပ်တည်းခိုခဲ့၍ ဓာတ်ခွဲအတည် ပြုလူနာအဖြစ် သတ်မှတ်ခဲ့

- မတ္လ ၂၅ ရက်မှစတင်၍ Home Quarantine ခံယူစေခဲ့ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့

- ယင်းကို တီးတိန်ဆေးရုံသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိပြီး လတ်တလောကျန်းမာရေး အခြေအနေမှာ ကောင်းမွန်

- မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၁) ဦး တွေ့ရှိ

- COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် စုစုပေါင်းလူနာ ၂၅ ဦး၏ ကျန်းမာရေးအခြေအနေ တည်ငြိမ်

- ဝေဘာဂီအထူးကု ဆေးရုံကြီးရှိ လူနာ (၁) ဦးကို အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိကုသပေးနေ

- COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၃၁ ဦးအနက် ၂ ဦး ပြန်လည်သက်သာလာ

- သေဆုံးသူ ၃ ဦးရွိ

Post a Comment

0 Comments