သီရိလင်္ကာတွင် ၂၄နာရီအတွင်း အပြင်မထွက်အရအမိန့်ကို ချိုးဖောက်သူ ၁၇၂၄ယောက်ကို ဖမ်းဆီး

သီရိလင်္ကာနိုင်ငံမှာ ယမန်နေ့က နံနက် ၆နာရီနဲ့ ဒီနေ့ နံနက်၆နာရီကြား ၂၄နာရီကာလမှာ အပြင်မထွက်ရအမိန့်ကို ချိုးဖောက်သူ ၁၇၂၄ယောက်ကို ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။  မော်တော်ယာဉ် ၄၉၆စင်းကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။
သီရိလင်္ကာနိုင်ငံမှာ မတ်လ ၂၀ရက် ညနေ ၆နာရီကနေ ဧပြီလ ၉ရက်နေ့အထိ အပြင်မထွက်ရအမိန့် ပြဌာန်းထားခဲ့ရာမှာ ရဲတပ်ဖွဲ့က စည်းကမ်းချိုးဖောက်ူ ၁၉၄၄၁ယောက်ကို ဖမ်းဆီးခဲ့ရပြီး မော်တော်ယာဉ် ၅၀၈၂စင်းကိုလည်း ထိန်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။  သီရိလင်္ကာနိုင်ငံမှာ ဧပြီလ ၉ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၉၀ဦးရှိပြီး သေဆုံးသူက ၇ဦးရှိတယ်လို့ ဆိုပါတယ်။
Credit

Post a Comment

0 Comments