အမေရိကန်တပ်တွေ တိုက်ခိုက်ခံရရင် ဘယ်လို တုံ့ပြန်ရမလဲဆိုတာကို လေ့လာနေဆဲဖြစ်လို့ ပင်တဂွန် ပြေ

ဘဂ္ဂဒက်မြို့တော် မြောက်ပိုင်းက အီရတ်အခြေစိုက်စခန်းတစ်ခုကို ဒုံးကျည်တိုက်ခိုက်မှုဖြစ်ပြီး အမေရိကန်စစ်သားသုံးဦး ဒဏ်ရာရပြီး ရက်ပိုင်းအတွင်း ပင်တဂွန်က အမေရိကန်တပ်တွေအပေါ် တိုက်ခိုက်မှု မှန်သမျှကို ဘယ်လို တုံ့ပြန်သွားရမလဲဆိုတာကို လေ့လာနေဆဲ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောလာပါတယ်။
“ကမ္ဘာ့ ဘယ်အရပ်မဆိုက အမေရိကန်တပ်တွေကို တိုက်ခိုက်မှု မှန်သမျှကို ကျွန်တော်တို့အနေနဲ့ ဘယ်လို တုံ့ပြန်သွားရမလဲဆိုတာကို လေ့လာနေဆဲ ဖြစ်တယ်။ ကိုယ့်ကိုကို ကာကွယ်ပိုင်ခွင့်ကို ကျွန်တော်တို့ ဆွဲကိုင်ထားပါတယ်။”လို့ ပင်တဂွန်ပြောခွင့်ရသူ ဂျိုနသန်ဟွတ်မန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဒုံးကျည်တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သားသုံးဦးနဲ့ အီရတ်တပ်ဖွဲ့ဝင် အချို့ ဒဏ်ရာရခဲ့တာကြောင့် အမေရိကန်ဟာ လက်တုံ့ပြန်ပြီး လေကြောင်းထိုးစစ် ဆင်နွှဲခဲ့ပါတယ်။
crd

Post a Comment

0 Comments