ဈေးသက်သာပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာမ်ား

ပိုက်ဆံများများရှာနိုင်မှ ကျန်းမာတဲ့ ဘဝကို ရရွိမွာ မဟုတ်ပါဘူး။ ကိုယ့်ကိုကို ဂရုစိုက်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဈေးသက်သာတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးလို့ရပါတယ်။
ကြက်ဥ

ကြက်ဥမှာ ပရိုတင်းဓာတ်တွေအများကြီးပါဝင်တဲ့အပြင် Antioxidants ဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။
ကြက်ဥတွေအများကြီးကို ပြုတ်ထားပြီး ရေခဲသေတ္တာထဲသိမ်းထားကာ အဆာပြေအစားအစာအဖြစ်လည်း စားသုံးလို့ရပါတယ်။
ကြက်ဥ တစ်ကဒ်မှ မြန်မာငွေ ၁ ထောင်ကျော်ဘဲ ရှိပါတယ်။
ငှက်ပျောသီး
မနက်မိုးလင်းတဲ့အချိန်မှာ တျခား အစားအစာတွေစားသုံးရင်း ပရိုတင်းဓာတ်၊ အမျှင်ဓာတ်နဲ့ Antioxidants ကြွယ်ဝတဲ့ ငှက်ပျောသီးကို စားသုံးပေးသင့်ပါတယ်။
ငှက်ပျောသီးတွေက ရာသီမရွေး ဈေးသက်သက်သာသာနဲ့အလွယ်တကူ ဝယ်လို့ရပါတယ်။ အရသာလည်းရှိပြီး အာဟာရလည်း ကြွယ်ဝတဲ့အသီးဖြစ်ပါတယ်။
ပဲအမျိုးမျိုး
ပဲတွေက ဈေးအရမ်းမကြီးတဲ့အပြင် အာဟာရတွေလည်း အများကြီးရှိပါတယ်။ တချို့ ပဲအခြောက်တွေက မနက်ဖြန် ဟင်းချက်ဖို့ဆိုရင် ညကတည်းက ရေစိမ်ထားရတာမျိုးလည်း ရှိပါတယ်။ ခွက်တစ်ဝက်လောက်ဘဲရှိတဲ့ ပဲတွေမှာ ကယ္လိုရီ ၁၁၄ နဲ့ အမျှင်ဓာတ် ၇.၅ ဂရမ်ပါဝင်ပါတယ်။ ဒါကြောင့် အစာခြေစနစ်ကို အားကောင်းစေပြီး အူမကြီးကင်ဆာကို ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။
ဂေါ်ဖီပန်းပွင့်စိမ်း
ဂေါ်ဖီပန်းပွင့်စိမ်းတွေက အာဟာရတွေလည်း ကြွယ်ဝစွာပါဝင်တဲ့အပြင် ဈေးလည်းချိုပါတယ်။ ဂေါ်ဖီပန်းပွင့် တစ္ခြက္စာကို ကယ္လိုရီ ၃၀ ပါဝင်ပြီး လိမေ္မာ်သီးထက် ဗီတာမင် စီဓာတ်ပိုပါဝင်ပါတယ်။
ဂေါ်ဖီပန်းပွင့်စိမ်းကို ကြော်စားစား၊ ပေါင်းစားစား၊ ကင်စားစား စသဖြင့် စားသုံးလို့ရပါတယ်။
ကန်စွန်းဥ
ကန်စွန်းဥမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C ဓာတ်ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ပါဝင်သလို ခန္ဓာကိုယ်က တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် A ရဲ့ ၄ ဆလောက်ပါဝင်ပါတယ်။ သူ့မှာ Beta Carotene ဆိုတဲ့ Antioxidant ဓာတ်ပါဝင်ပြီး ကင်ဆာရောဂါကို ကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေပါတယ်။
Credit

Post a Comment

0 Comments