အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ပြသနာတွေကိုသူ့ဆရာဆီမှာ ရင်ဖွင့်ပါတယ်။

"ဆရာ .. ကျမနုပျိုလှပခဲ့ စဉ်တုန်းက ကျမထက် အသက်ကြီးတဲ့ 
အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့တာ ဆရာ အသိပါ ..

အိမ်ထောင်ကျခါစတုန်းက က်မ အမျိုးသားဟာ အင်မတန် 
အားကိုးထိုက်တဲ့သူလို့ ခံစားခဲ့ရတယ်။ က်မ သူ့အပေါ်အထင်တကြီးနဲ့ အားကိုးချစ်ခင်ခဲ့တယ်။
ဒါပေမဲ့  နှစ်တွေကြာမြင့် ပြောင်းလဲလာတော့ ကျမရဲ့စိတ်တွေ ပြောင်းလဲလာခဲ့တယ်။

သူ့မှာအားကိုးချင်စရာ ဘာမွမရွိဘူး။
အထင်ကြီးစရာတွေ မကျန်တော့ဘူး။
က်မကို အရင်လို စိတ်ကိုမကြည်လင်စေတော့ဘူး။
ပျော်ရွှင်မှုမပေးနိုင်တော့ဘူး။
အဲ့ဒါ ဘာကြောင့်ပါလဲ ဆရာ .."

အိမ်ထောင်ကျတယ်ဆိုတာအချစ်ရဲ့ သချၤ ိုင်းလေလား ?

အိမ်ထောင်ကျသွားရင် သမီးရည်းစားဘဝက အချစ်တွေက 
ကုန်ဆုံးသွားတတ်လား?

သူမပြောတာ နားထောင်ပြီးတော့ သူ့ ဆရာက "ဆရာ့နောက်ကို ခဏလိုက်ခ့ဲ" ဆိုပြီး  တောင်ကြီးတစ်လုံးကိုမြင်နိုင်တ့ဲ နေရာခေါ်သွားပြီး မေးတယ်..

"အဲ့ဒီတောင်ကြီးကို ကြည့်စမ်း . ဘယ်လိုမြင်လဲ?"

" ကြီးမားပြီး လှပခန့်ငြားပါတယ်။ မြင်ရတာ စိတ်ကြည်လင်လန်းဆန်း 
စေပါတယ်" .. လို့ သူမကပြန်ဖြေတယ်။

ဒီတော့ ဆရာက .. "ကဲ .. လာဆရာနဲ့တောင်ပေါ်တက် ကြည့်ကြစို့" ဆိုပြီး တက်သွားကြတယ်။

လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမှ မပြောဖြစ်ဘဲ တောင်ပေါ်ကိုပဲ တက်ကြတယ်။ 

သူမဟာ တဖြေးဖြေး မောပန်းလာတယ်.  တောင်တက်လမ်းကလည်း ကျောက်တုံး ကျောက်ခဲတွေနဲ့ကြမ်းတမ်းလာတယ် ။

သူမနှုတ်က မောတယ်၊ ပန်းတယ်၊ ပင်ပန်းတယ်၊ နားချင်တယ် စသဖြင့်အသံတွေ ထွက်လာတော့တယ်။

တောင်ထိပ်ကိုရောက်တော့ ဆရာက "ဒါ..နင်စောစောက မြင်တဲ့တောင်ကြီးပဲလေ ဆိုတော့.

"ဒီတောင်ကြီးကမလှပါဘူး .. လမ်းကလည်းကျောက်တုံးကျောက်ခဲတွေနဲ့ ကြမ်းတမ်းလိုက်တာ.. သစ်ပင်တွေ ခြုံတွေကလည်း ရှုပ်ထွေးနေတာပဲ..

ဟိုဖက်ကတောင်က ပိုတောင် လှနေသေးတယ်" ဆိုပြီး တခြားတောင်တစ်လုံးကို ညွှန်ပြတယ် ..

ဆရာက ရယ်ပြီး  "နင်တို့တွေ ချစ်သူဖြစ်ခဲ့ကြတုန်းကလည်း .
ဒီသေဘာပဲ ..တောင်ကိုအဝေးကကြည့်သလို လှပမှုတွေ ..
ခန့်ညားမှုတွေပဲမြင်ပြီးကြိုက်ခဲ့ကြတယ် ..

မင်္ဂလာဆောင်ပြီးတော့ တောင်ပေါ်ကို တက္လာသလိုပဲ   တေ့ွရတဲ့ .. အရာကြုံတွေ့ရ သမ်ွေတြဟာ ပုံမှန်သဘာဝအတိုင်း ဘာမွ ထူးခြားမှုမရှိတ့ဲအရာ  .. ပင်ပန်းဆင်းရဲမှု သက်သက်လို့ထင်လာတယ်။

တောင်ထိပ်ကိုတက်လာတဲ့အခါ မျက်လုံးထဲမှာ ဒီတောင်ရဲ့အလှ ကို 
မမြင်ရတော့ဘူး။ တခြားဘေးကတောင်တွေရဲ့အလှကိုပဲ 
နြင်မင်တွေ့တော့တယ်။

တကယ်တော့တောင်က ပြောင်းလဲမသွားဘူး  နင်သာပြောင်းလဲသွားတာ ..

နင့်စိတ်ခံစားချက် ပြောင်းလဲသွားလို့ အမြင်ပြောင်းသွားတာ။ နှစ်သက်မြတ်နိုးမှု မရွိတဲ့အခါ တောင်ကလည်းမလှတော့ဘူးလို့ခံစားလာရတယ်။

မနှစ်သက်လေလေ ကိုယ့်အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်စေလေလေ ပါပဲ။

နင်ဒီနေရာမှာရပ်တည်နေပြီးတော့ ဘာ့ကြောင့် တစ်ခြားတောင်ကိုပဲ မြင်နေရသလဲဆိုရင် ..

နင်ဒီတောင်ကြီးပေါ်မှာတက်နင်းထားပြီးရပ်နေလို့ပဲ ..။
တကယ်ဆိုရင်နင် ဒီတောင်ရဲ့ဂုဏ်ကျေးဇူး ကိုသိရမွာ" .. လို့ ရှင်းပြတယ်။

အဲ့ဒီအမျိုးသမီးရဲ ့ သူ့အမျိုးသားအပေါ် ပြောင်းလဲသွားတဲ့ဒီသဘောတရားအတိုင်းပါပဲ။

တစ်ချို့လည်း သူများမိဘတွေကျတော့ ကောင်းလိုက်တာ၊ ကိုယ့်မိဘတွေ ကျတော့ ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်လို့ အလိုမကျဖြစ်နေကြတဲ့ 
သားသမီးတွေလည်း ထိုနည်းတူပါပဲ။

ကိုယ်နဲ့အနီးဆုံး အခင်ဆုံးသူတွေရဲ့ ကောင်းကွက်တွေကို ဘယ်တော့မှ မမေ့လိုက်မိပါစေနဲ့။

တစ်နေ့နေ့ တစ်ချိန်ချိန်ခွဲခွာ ကြရစရာ အကြောင်းကြုံလာတဲ့အခါ ကောင်းမွန်တဲ့ သတိရစရာ တွေးတိုင်း ကြည်နူးစရာအကြောင်းအရာလေးတွေကျန်ခဲ့ကြရလေအောင် ချစ်ကြ ခင်ကြပါ။

အကြာကြီးပေါင်းသင်းလာခဲ့ကြတ့ဲ ခင်မင်မှုတွေကိုလည်း ထိန်းသိမ်းထားနိုင်ကြပါစေ။

မိတ်ဆွေကောင်းဆိုတာ လောကကြီးကပေးထားတဲ့ တန်ဖိုးဖြတ်မရတ့ဲ အကောင်းဆုံးလက်ဆောင်တစ်ခုပါ 

Credit 

Post a Comment

0 Comments