ကျောင်းဖွင့်တဲ့ရာသီရောက်ပြီဆိုတော့ အဖြူအစိမ်းလေးတွေနဲ့ ကလေးတွေကျောင်းသွားကျောင်းပြန် သွားသွားလာလာမြင်နေရတာ ကြည်နူးစရာကောင်းတဲ့မြင်ကွင်းပါ။ မိဘတွေအနေနဲ့ကိုယ့်သားသမီးလေးတွေ ကျောင်းတက်တာကို စိတ်ပူခြင်းများစွာကြားထဲက အဆင်အပြေဆုံးနဲ့အကောင်းဆုံးဖြစ်အောင် စီစဉ်ပြင်ဆင်ပြီး ကျောင်းကိုပို့ပေးမှာတော့ အေသအခ်ာပါပဲ။ ဒါပေမယ့် အခုမှကျောင်းစတက်တာမဟုတ်တဲ့ကလေးငယ်တွေအတွက် ကျောင်းတက်ရတာက အထူးအဆန်းမဖြစ်လောက်ပေမယ့် ကျောင်းစတက်ကာစ ကလေးငယ်တွေအတွက်တော့ ဒီလိုအချိန်မျိုးဟာ ပျော်ရွှင်တာထက် ကြောက်လန့်စိတ်ညစ်မှုတွေ ပိုနေမယ်လို့ထင်ပါတယ်။
အခုမှကျောင်းစတက်ကာစကလေးငယ်တွေဆိုတာ အသက် ၅နှစ်ပတ်ချာလည်ဆိုတော့ အတော်ငယ်သေးတယ်လို့ ဆိုရမွာပါ။ ဒီလိုအသက်ငယ်ငယ်မှာ ကြုံတွေ့ခံစားရတဲ့အရာတွေက ကလေးငယ်ရဲ့စိတ်ခံစားချက်နဲ့ ဦးနှောက်ပိုင်းဆိုင်ရာအတွက် အရမ်းကိုအရေးကြီးလှပါတယ်။ တကယ်တော့ ကျောင်းစတက်ကာစကလေးငယ်အဖို့ ကျောင်းစတက်တဲ့ပထမတစ်ပတ်လောက်ကနေ တစ္လ နှစ်လလောက်အထိကတော့ အထိုင်ကျပြီးအဆင်ပြေဖို့ဆိုတာ ခဲယဉ်းပါတယ်။ နှစ်လသုံးလနောက်ပိုင်းမှာမှ ကေလးငယ္က ကျောင်းတက်ရတာကို အပြင်းအထန်ကြောက်လန့်နေသေးတယ်ဆိုရင်တော့ မိဘတွေအနေနဲ့ စဉ်းစားစရာလေးတွေရှိလာပါပြီ။
ပထမဆုံးအနေနဲ့ အချိန်ကာလတစ်ခုကြာတဲ့အထိ ကလေးငယ်ကကျောင်းတက်ဖို့ကို ခါးခါးသီးသီးငြင်းဆန်နေသေးတယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ဒီအချက်လေးတွေစတင်စဉ်းစားပါ။
၁။ ကေလးက အပြောင်းအလဲတစ်ခုကိုကြောက်လန့်တဲ့စိတ်ကြောင့် သာမန်လက်မခံနိုင်ခြင်းတွေဖြစ်နေတာလား။
၂။ ကလေးကိုထားတဲ့ကျောင်းနဲ့ အတန်းပတ်၀န်းကျင်ပုံစံအနေအထားကဘယ်လိုရှိလဲ။
၃။ အတန်းထဲမှာ ကိုယ့်ကလေးကသာမန်ကလေးတွေလိုပဲ သွားလာနေထိုင်မိတ်ဖွဲ့တာတွေရှိရဲ့လား။
၄။ သင်ပြပေးတဲ့သင်ခန်းစာတွေနဲ့ပတ်သက်ပြီး သာမန်ကလေးတွေလိုစိတ်ပါ၀င်စားမှုရှိရဲ့လား။
၅။ သူငယ်ချင်းတွေရနေရင်ရော သူ့သူငယ်ချင်းတွေကသူ့ကိုဘယ်လိုဆက်ဆံလဲ။
၆။ သူ သူ့သူငယ်ချင်းတွေနဲ့ဘာအကြောင်းတွေအဓိကပြောလေ့ရှိလဲ။
အဲ့ဒီ့အချက်လေးတွေကို မသိမသာကိုယ့်နည်းကိုယ့်ဟန်နဲ့အကဲခတ်ဖို့လိုပါတယ်။ ဖော်ပြထားတဲ့အချက်တွေထဲမှာ သာမန်ကလေးတွေနည်းတူစိတ်ခံစားချက်မျိုးရှိနေတာဆိုရင် ပြဿနာမရှိပေမယ့် ဆက်ဖော်ပြမယ့်အချက်မျိုးတွေတွေ့လာရရင်တော့ ကိုယ့်ကလေးစိတ်ဒဏ်ရာကြီးကြီးမားမားမရခင် အတတ်မှားတွေ မကောင်းတဲ့အလေ့အကျင့်တွေဖြစ်မလာခင် မိဘတွေအနေနဲ့တခြားအပြောင်းအလဲတွေ စဉ်းစားဖို့လိုလာပါပြီ။
ဒါဆိုဘယ်လိုအချက်တွေတွေ့ရှိလာရင် မိဘတွေစသတိထားသင့်ပြီလဲ။
၁။ ထားတဲ့ကျောင်းက အိမ်နဲ့အရမ်းေ၀းလံလို့ ကလေးကကျောင်းသွားကျောင်းပြန်အရမ်းပင်ပန်းလာတာမျိုး။
၂။ အတန်းထဲမှာ ကိုယ့်ကလေးက သူငယ်ချင်းမရှိဘဲသီးသန့်ဖြစ်နေတာမျိုး။
၃။ ရှိတဲ့သူငယ်ချင်းတွေကလည်း အနိုင်ကျင့်တာမျိုး၊ အရမ်းစနောက်တာမျိုး။
၄။ သင်ပြတဲ့သင်ခန်းစာတွေကို လုံး၀နားမလည်တာမျိုး။
၅။ ဆရာ၊ ဆရာမ တစ်ယောက်ယောက်ကို အရမ်းကြောက်လန့်နေတာမျိုး စတဲ့အချက်မျိုးတွေရှိနေရင် မိဘတွေအနေနဲ့ အကောင်းဆုံးထပ်မံပြင်ဆင်ပေးဖို့လိုလာပါပြီ။
ဘယ်လိုပြင်ဆင်ပေးရမလဲ။
၁။ ကလေးငယ်ပင်ပန်းတာသက်သာအောင် ကျောင်းသွားကျောင်းပြန်ကို အချိန်အတိုဆုံးနဲ့ ပင်ပန်းမှုအနည်းဆုံးဖြစ်မယ့်သွားလာခြင်းမျိုးစီစဉ်နိုင်အောင် ကြိုးစားပါ။
၂။ ကလေးကို တခြားကလေးတွေနဲ့မိတ်ဖွဲ့တတ်အောင်သင်ပေးပါ။ မိဘကိုယ်တိုင်လဲ တခြားအတန်းဖော်ကလေးငယ်တွေနဲ့ကိုယ့်ကလေးကိုမိတ်ဆက်ဆော့ကစားခိုင်းပါ။ စကားပြောခိုင်းပါ။
၃။ အနိုင်ကျင့်စနောက်တဲ့သူတွေရှိနေရင် အဲ့ဒီ့ကလေးနဲ့ရောကလေးမိဘနဲ့ပါကောင်းကောင်းမွန်မွန် စကားခေါ်ပြောပါ။
၄။ နားမလည်တဲ့သင်ခန်းစာတွေကို ကိုယ်ကိုယ်တိုင်ပြန်လည်ရှင်းပြနိုင်ရင်ရှင်းပြပါ။ ဒါမှမဟုတ်လည်း နားမလည်တဲ့ဘာသာရပ်သင်ပြတဲ့ဆရာ၊ဆရာမကို လိုက်လံတွေ့ဆုံပြီး အနည်းငယ်ဂရုစိုက်ပေးဖို့ မေတ္တာရပ်ခံပါ။
၅။ ဆရာ၊ဆရာမတွေကိုကြောက်လန့်နေတာမျိုးမဖြစ်အောင်လည်း ဆရာ၊ဆရာမတွေကိုလိုက်လံတွေ့ဆုံပြီး ကလေးငယ်နဲ့စကားပြောစေပါ။
ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် ကလေးငယ်ရဲ့စိတ်မှာ မလိုလားအပ်တဲ့စိတ်ရှုပ်စိတ်ညစ်စိတ်အားငယ်စရာတွေ အတိုင်းအတာတစ်ခုအထိလျော့ကျသွားနိုင်သလို၊ စိတ်ထိခိုက်ဒဏ်ရာဖြစ်ရမယ့်အခြေအနေတွေလည်း လျော့ကျနိုင်တာအသေအချာပါပဲ။
ငယ်ရွယ်နုနယ်တဲ့အချိန်မှာ ကလေးငယ်လေးတွေအပေါ်သက်ရောက်တဲ့သက်ရောက်မှုတိုင်းဟာ ကလေးငယ်လေးတွေရဲ့စိတ်ကို အလွယ်တကူရောင်ပြန်ဟပ်၊ ထိခိုက်လာနိုင်တဲ့အတွက် မိဘတွေအနေနဲ့ မိမိကလေးကိုအမြဲစောင့်ကြည့်နေပြီး ကလေးရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်ဖို့ကလည်း အဓိကကျပါတယ်။
Credit
0 Comments