မီးဖွားပြီးခါစမိခင်တွေဖြစ်လေ့ဖြစ်ထရှိတဲ့လက္ခဏာ ၄ ရပ်

မီးဖွားပြီးခါစမိခင်တွေမှာဘာတွေဖြစ်လေ့ဖြစ်ထရှိလဲ! ကြိုတင်ပြင်ဆင်နိုင်ဖို့.လေ့လာသိရှိထားရအောင်
၁။ ရင်သားတင်းခြင်း နာခြင်း
ရင်သားတင်းတာ နာတာကိုမီးဖွားပြီးခါစမိခင်တိုင်းကြုံတွေ့ရလေ့ရှိပါတယ် ရင်သားကိုရေနွေးစိမ်ထားတဲ့အ၀တ်နဲ့ အုံပေးတာ ရင်သားကိုနှိပ်နယ်ပေးတာ နို့ရည်ညစ်ထုတ်တာ ကလေးကိုမကြာခဏမိခင်နို့တို်က်ကျေွးတာတွေ လုပ်ပေးမယ်ဆိုရင်သက်သာလာပါမယ်။

၂။ ဆီး ၀မ်းမမှန်ခြင်း
မီးဖွားပြီးခါစမိခင်တွေမှာ အူညစ်အားနည်းတဲ့အတွက် ၀မ်းချုပ်ဆီးချုပ်တာဖြစ်လေ့ရှိပါတယ် ဆီး၀မ်းပုံမှန်ပြန်ဖြစ်
လာဖို့အတွက်ရေများများသောက်ပေးပါ သစ်သီးနဲ့ဟင်းသီးဟင်းရွက်များများစားပေးပါ။

၃။ လိပ်ခေါင်း
မီးမဖွားခင်နဲ့မီးဖွားပြီးခါစမိခင်တွေကို ဒုက္ခပေးလေ့ရှိတဲ့နောက်ထပ်လက္ခဏာတစ်ခုကတော့လိပ်ခေါင်းရောဂါဖြစ်
ပါတယ် ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ၂ ပတ် ၃ ပတ်အတောအတွင်းမှာသက်သာလာမှာပါ ၀မ်းချုပ်နေရင်တော့ပျောက်
ကင်းဖို့ပိုပြီးကြာမြင့်မှာဖြစ်ပါတယ်။

၄။ ဆံပင်ကျွတ်ခြင်း
အမ ဟိုမုန်းဓာတ်ကျဆင်းတ့ဲအတွက် တချို့မိခင်တွေမှာ ဆံချည်ပေါင်း ၄၀၀ ကေန ၅၀၀ အမျှင်ထိကျွတ် ကျလေ့ရှိပါတယ် နဂိုပုံစံပြန်ဖြစ်ဖို့အတွက် ၆ လအထိအချိန်ယူရမှာဖြစ်ပါတယ်။

#credit

Post a Comment

0 Comments