ယောင်္ကျားလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ အံ့သြဖွယ်အချက်တွေ

မိခင်ရဲ့ဝမ်းထဲက လူသားသနေ္ဓသားလေးဟာ သနေ္ဓတည်တည်ချင်း ၅ ပတ်လောက်ကြာတဲ့အထိ ယောင်္ကျားလေးလား မိန်းကလေးလား ခွဲခြားမသိနိုင်ပါဘူး။ ဒီအပိုင်းအခြားအတွင်းမှာ X ခရိုမိိုဇုန်းပဲ ထွက်သေးတာကြောင့်ပါ။ ၅ ပတ်ကြာပြီးနောက်မှာမှ Y ခရိုမိုဇုန်း ထက်ထွက်ပေါ်လာရင် ယောင်္ကျားလေးလို့သတ်မှတ်တာဖြစ်ပြီး ဒါကို လိင်အင်္ဂါဆိုင်ရာ ကွဲပြားခြင်းလို့ခေါ်ပါတယ်။
ယောင်္ကျားလေးတစ်ယောက်ရဲ့ ဖခင်ဟာ ထိပ်ပြောင်တဲ့သူဖြစ်ရင်တော့ ဒီသားငယ်ဟာ ဆံပင်ကြီးထွားနှုန်း အခြားသူတွေထက် လျော့နည်းမှာဖြစ်ပါတယ်။ ဒါဟာ ယောင်္ကျားလေးတွေနဲ့ဆိုင်တဲ့ ဟော်မုန်းလုပ်ဆောင်ချက်အားနည်းတာလို့ ဆိုနိုင်ပြီး အခြားကိစ္စတွေမှာလည်းသက်ရောက်မှုရှိနိုင်ပါတယ်။
ယောင်္ကျားလေးတွေအနေနဲ့ အသက်အရွယ်ရလာရင် မိန်းကလေးတွေထက် အရေပြားခံနိုင်ရည်ပိုရှိပါတယ်။ ပြောချင်တာကတော့ အရေပြားလျော့တွဲကျတာတွေ အိက်တာ တွေကို ပိုမ်ို ခံနိုင်ရည်ရှိတာပဲဖြစ်ပါတယ်။
အမျိုးသားတွေရဲ့အရေပြားဟာ မိန်းမသားတွေထက်ပိုထူတာကိုလေ့လာမှုတွေအရသိရပြီး သက်ရှိဆဲလ်တွေနဲ့ ပြင်ပပတ်ဝန်းကျင်ကြား အကာအကွယ်ကောင်း ပေးထားတာပဲဖြစ်ပါတယ်။
ယောင်္ကျားတွေနဲ့မိန်းမတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံတွေဟာ တူညီတယ်လို့ပြောလို့ရပါတယ်။ အမျိုးသားတွေမှာလည်း နို့သီးခေါင်းတွေရှိပြီး နို့တိုက်နိုင်ကြပါတယ်။
ဇလုတ်လို့ခေါ်တဲ့ အရာဟာ လည်ချောင်းဖွဲ့စည်းပုံမတူတာကြောင့် ယောင်္ကျားလေးတွေမှာ ပိုမိုထင်ရှားစွာ ထွက်နေတတ်ပါတယ်။ ဒါ့ကြောင့်လည်း အသံပိုအောလာတာဖြစ်ပါတယ်။
အမျိုးသားတွေဟာ မိန်းမသားတွေလောက် အရောင်မခွဲခြားနိုင်ပါဘူး။ ဒီအရောင်ခွဲခြားခြင်းအလုပ်ကို X ခရိုမိုဇုန်းက ဆောင်ရွက်တာဖြစ်တာမို့ မိန်းကလေးတွေမှာ ဒီစွမ်းဆောင်ရည်က ပိုမိုကောင်းမွန်နေတာဖြစ်ပါတယ်။

#Credit

Post a Comment

0 Comments