ကိုရိုနာဗိုင်းရပ်စ် မရောက်သေးတဲ့ နိုင်ငံနဲ့ ဒေသ ၁၆ ခု ရှိနေသေး

ကိုရိုနာဗိုင်းရပ်စ်ကို ဘေးကင်းတဲ့ နေရာ မရွိဆိုကာ ကမ်ဘာလုံးဆို်ငရာ ကပ်ဘေးအဖြစ် ကမ်ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာထားပေမယ့် ကမ်ဘာပေါ်က လက္တစ္ဆုပ္စာ နိုင်ငံအနည်းငယ်ကတော့ ခုထိ လွတ်မြောက်နေဆဲပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ မနှစ် ဒီဇင်ဘာမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ခုဆိုရင် ကမ်ဘာတစ်လွှားမှာ လူပေါင်း ၇၈၈၀၀၀ ကျော်ကို ကူးစက်ထားပြီး သေဆုံးသူ ၃၈၀၀၀ ခန့် ရှိနေပါပြီ။
ဒါပေမယ့် ပစိဖိတ်နိုင်ငံတွေနဲ့ အာဖရိကနဲ့ အာရွက နိုင်ငံတွေ ၁၆ နိုင်ငံမှာ ခုထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိသေးပါ။
အာဖရိကမှာဆိုရင် လီဆိုသို၊ တောင်ဆူဒန်၊ ယီမင်၊ ဆီရီယာလီယွန်၊ ဘူရန်ဒီနဲ့ မာလာဝီနဲ့ အေနာက္ပို္ငးဆာဟာရေဒသေတြမွာ ခုထိ ဗိုင်းရပ်စ် မကူးစက်သေးပါ။
အာရှမှာဆိုရင် တာ့ခ်မင်နစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ မြောက်ကိုရီးယားတွေ ဗိုင်းရပ်စ် မရောက်သေးပါ။
ပုံမှန်အချိန်မှာ ခရီးသွားဧည့်သည်တွေ အလာမ်ားတဲ့ ပစိဖိတ်ကျွန်းနိုင်ငံအချို့မှာလည်း သီးခြားခွဲနေတာနဲ့ အစွန်အဖျားကျတာတွေကြောင့် ဗိုင်းရပ်စ် မကူးသေးပါ။
ဒီ နိုင်ငံနဲ့ ဒေသတွေကတော့ တွန်ဂါ၊ ဆာမိုအာ၊ ဗန်နော့တူ၊ ကွတ်ကျွန်းစု၊ နီအူအိနဲ့ တူဗာလူတို့ပဲ ဖြစ်ပါတယ်။
COVID-19 ဟာ ကမ်ဘာတစ်လွှားမှာ နိုင်ငံနဲ့ ဒေသပေါင်း ၁၇၈ ခုစီ ပျံ့နှံ့ဖြစ်ပွားနေပြီဖြစ်ပါတယ်။
ဒီ ရောဂါကနေ ပြန်လည် နာလန်ထူလာသူပေါင်းကတော့ ၁၆၆၇၀၀ ဦး ရှိပါတယ်။

#credit

Post a Comment

0 Comments