တရုတ် စီချွမ်ပြည်နယ်က တောမီးကို ငြှိမ်းသတ်ရင်း မီးသတ်သမားနှင့် လမ်းပြ ၁၉ဦး သေဆုံး

နိုင်ငံပိုင်မီဒီယာရဲ့ သတင်းအရ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ထဲက တောမီးကို ငြှိမ်းသတ်နေရင်းနဲ့ မီးသတ္သမား ၁၈ယောက်နဲ့ သူတို့ရဲ့ လမ်းညွှန်တစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဆင်ဟွာသတင်းအေဂျင်စီက ပြောကြားရာမှာတော့ အဆိုပါတောမီးမှာ ရုတ်တရက်လေကြောင်းပြောင်းသွားရာက မီးသတ္သမားအုပ္စုဟာ ပိတ်မိသွားခဲ့တယ်လို့ ဆိုပါတယ်။
လျန်ရှန်းစီရင်စုထဲမှာ စတင်လောင်ကျွမ်းခဲ့တဲ့တောမီးဟာ အခုဆိုရင် ဟတ္တာ ၁၀၀၀လောက်ဧရိယာကို ကူးစက်ပျံ့နှံ့သွားခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ မီးသတ်သမားနဲ့ ကယ်ဆယ်ရေးလုပ်သား ၂၀၀၀ကျော်ကို အဆိုပါနယ်မြေသို့ စေလွှတ်ထားရပြီး လူ ၁၂၀၀လောက်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရတယ်လို့ ဆိုပါတယ်။
မီးဟာ တနင်္လာနေ့က ယာခင်းတစ်ခုက စတင်လောင်ကျွမ်းလာတာဖြစ်ပြီး လေပြင်းကြောင့် မီးတောက်တွေဟာ အနီးအနားတောင်တန်းတွေပေါ်ကို လျင်မြန်စွာ ကူးစက္သြားခဲ့တယ္လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ မီးသတ်သမားတွေဟာ သူတို့ရဲ့ လမ်းပြအဖြစ် လုပ်ဆောင်ပေးတဲ့ လယ်လုပ်သားတစ်ယောက်အပါအ၀င် ၂၂ယောက်အုပ်စုထဲကဖြစ်ပြီး အသက်ရှင်ကျန်ရစ်တဲ့ ၃ယောက်ကိုတော့ ဆေးရုံသို့ ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။
ထူထပ်မည်းမှောင်တဲ့ မီးခိုးတိမ်တိုက်ကြီးတွေဟာ အနီး၀န်းကျင်က ရှီချန်းမြို့ကောင်းကယ်ယံအထိ လွင့်မျောသွားခဲ့တယ်လို့ ဆိုပါတယ်။ လျန်ရှန်းရဲ့ တခြားအစိတ်အပိုင်းမှာ တောမီးလောင်ကျွမ်းလို့ မီးသတ္သမား ၃၀ သေဆုံးခဲ့ပြီး တစ်နှစ်အကြာမှာ ဒီဖြစ်ရပ် ဖြစ်ပွားလာခဲ့တာပဲ ဖြစ်ပါတယ်။

credit

Post a Comment

0 Comments