ရာသီခွင်ဖြင့် သနေ္ဓတားနည်း

Birth Control သို့ contraception ဆိုတာ ကိုယ်ဝန်ရရှိခြင်းကို ကာကွယ်ဖို့ အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။ ကိုယ်ဝန်တားဖို့ အသုံးပြုတဲ့နည်းလမ်းတွေ အမြောက်အမြားရှိပြီး calendar based method ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ဝန်ရသွားနိုင်တာမို့ စုံတွဲတွေဟာ မတော်တဆ ကိုယ်ဝန်ရရှိခြင်းကို ကာကွယ်ဖို့ ဒီနည်းလမ်းအကြောင်း သေချာသိထားဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီနည်းလမ်းအကြောင်းကို သေချာစွာ သိစေဖို့ ကူူညီပေးမှာ ဖြစ်ပါတယ်။

ပြက္ခဒိန်အခြေပြုရက်တွက်နည်း (Calendar based method) ဆိုတာ ဘာလဲ။
Calendar based method ဟာ ကို်ယ်ဝန်တားဖို့အတွက် ရာသီလာစဉ်မှာ ကိုယ်ဝန်ရရှိနိုင်ချိန်တွေကို သေချာစွာ စောင့်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသမီးဟာ သူ့ရဲ့ ရာသီစက်ဝန်းကို သိရှိစေဖို့ ရာသီလာခြင်းရဲ့ ကြာချိန်ကို ခြောက်လလောက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သူဟာ ရာသီလာခြင်းရဲ့ ပထမ ရက္က စတင်ပြီး နောက်လတွေမှာလည်း ဘယ္လိုလာသလဲဆိုတာ သေချာစွာ မှတ်ရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ရာသီစက်ကွင်းအတွင်း ဘယ်အချိန်တွေမှာ ကိုယ်ဝန်ရနိုင်လဲဆိုတာ မှန်းဆနိုင်တာမို့ ဒီလိုအချိန်တွေမှာ လိင်ဆက်ဆံခြင်းကနေ ရှောင်ရှားနိုင်ပါတယ်။

ဒီနည်းလမ်းကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။

ပုံသေရက်တွက်နည်း (Standard days method)
ဒီနည်းလမ်းကို ကိုယ်ဝန်တားလိုပြီး ရာသီမှန်တဲ့ သူတွေမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် standard days method ကို အထူးသဖြင့် ရာသီမမှန်တဲ့ အမျိုးသမီးတွေမှာ သတိထားပြီး အသုံးပြုသင့်ပါတယ်။

ပြက္ခဒိန်ရက်ယှဉ်တွက်နည်း(Calendar rhythm method)
Standard days method နဲ့ မတူတာကေတာ့ calendar rhythm method ဖြစ်ပြီး ဒီနည်းလမ်းမှာ အမျိုးသမီးဟာ သူမရဲ့ ရာသီစက်ကွင်းနဲ့ နှိုင်းယှဉ်ပြီး ကိုယ်ဝန်ရနိုင်တဲ့ ရက်၊ မရနိုင်တဲ့ ရက်တွေကို တြက္ဆရမွာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကိုတော့ ပုံမှန်ထက် တိုတဲ့ (သို့) ရှည်တဲ့ ရာသီမမွန္သူ အမျိုးသမီးတွေပါ အသုံးပြုနိုင်ပါတယ်။

ဒီနည်းလမ်းဟာ ဘယ်လိုအလုပ်လုပ်သလဲ။
Calendar based method တွေဟာ အမျိုးသမီးတွေကို ဘယ်အချိန်မှာ လိင်ဆက်ဆံမှုကို ရှောင်ကျဉ်ရမလဲ၊ ရာသီစက်ကွင်းရဲ့ ကိုယ်ဝန်ရနိုင်တဲ့အချိန်တွေမှာ ဘယ္လို အခြားကို်ယ်ဝန်တားတဲ့ နည်းလမ်းတွေကို အသုံးပြုမလဲ ဆိုတာတွေကို သတိပေးပါတယ်။

Calendar based method ကို မွန္ကန္စြာ အသုံးပြုခြင်း

Standard days method
ရာသီစစလာချင်း ပထမဆုံးရက်ကို မွတ္ထားပါ။
ရာသီစက်ကွင်းကို တိုင်းတာဖို့ ပြက္ခဒိန်ကို အသုံးပြုပါ။
ရာသီစက်ကွင်းရဲ့ ၈-၁၉ ရက်အတွင်း လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ပါ (သို့) အျခား ကိုယ်ဝန်တားနည်းတွေကို အသုံးပြုပါ။
ဒီနည်းဟာ ရာသီစက်ကွင်းရဲ့ ၁-၇ ရက်ကြား၊ ရက်၂၀ ကေန နောက်တစ်ခါ ရာသီလာစဉ်အထိမှာ ၉၅% စိတ်ချရပါတယ်။

Calendar rhythm method
ရာသီစက်ကွင်းရဲ့ ကြာချိန်ကို တစ်လချင်းစီ ခြောက်လ ဆက်တိုက်မှတ်ထားပါ။
ရာသီစက်ကွင်းတစ်လစီကို ဆက်လက်မှတ်ထားပြီး နောက်ဆုံးမှတ်ထားတဲ့ ရာသီစက်ကွင်းကို အသုံးပြုပါ။
အမျိုးသမီးတစ်ယောက်ဟာ ရာသီလာတဲ့ ပထမရက္ကို တွက်ချက်ဖို့ ခြောက်လဆက်တိုက်မှတ်ထားတဲ့ ရာသီစက်ကွင်းရဲ့ အတိုဆုံးရာသီစက်ကွင်းကနေ ၁၈ ရက္ကို နုတ်သင့်ပါတယ်။ ကိုယ်ဝန်မရနိုင်တဲ့ အချိန်ကို တွက်ချက်ဖို့ အရှည်ဆုံး ရာသီစက်ကွင်းထဲကနေ ၁၁ ရက္ကို နှုတ်နိုင်ပါတယ်။

ကန့်သတ်ချက်များ

ဒီနည်းလမ်းတွေဟာ အချို့အမျိုးသမီးတွေမှာ ရာသီမမှန်တာကြောင့် လုံးလုံး စိ်တ်ချရခြင်း မရွိပါဘူး။
သူတို့ဟာ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။ ဒီလိုကာကွယ်ပေးနိုင်ဖို့အတွက် ကွန်ဒုံးတွေကိုသာ အသုံးပြုသင့်ပါတယ်။
အချို့အမျိုးသမီးတွေအတွက် ဒီလိုနေ့ရက်တွေကို ဆက်တိုက်မှတ်ထားရခြင်းဟာ စိတ်ဒုက္ခရောက်နိုင်ပါတယ်။

Credit

Post a Comment

0 Comments