အမျိုးသားများ တစ်ကိုယ်ရည်အာသာဖြေခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်တွေ

တစ်ကိုယ်ရည်အာသာဖြေတယ်ဆိုတာ ကိုယ့်ရဲ့ လိင်အင်္ဂါကို လက်နဲ့ဖြစ်စေ၊ အရာ၀တၳုတစ်ခုနဲ့ ဖြစ်စေ နှိုးဆွပြီး လိင်စိတ်ပြီးမြောက်အောင် နှိုးဆွပေးတာ ဖြစ်ပါတယ်။ လိင်စိတ်တအားထကြွနေတဲ့အချိန်၊ စိတ်ဖိစီးမှုများနေတဲ့အချိန်မျိုးမှာ တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့် ကိုယ့်ရဲ့ စိတ္ကို ပေါ့ပါးလန်းဆန်းစေပါတယ်။

တကယ်တော့ တစ်ကိုယ်ရည်အာသာဖြေတဲ့ကိစ္စဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ အပြုအမူမျိုးပါ။ အမျိုးသားအများစုဟာ ပုံမှန် တစ်ကိုယ်ရည် အာသာဖြေတတ်ကြပြီး အမျိုးသမီးတွေမှာလည်း တခါတရံ လိင်စိတ်ဖြေဖျောက်တာမျိုး လုပ်တတ်ကြပါတယ်။

အမျိုးသားတွေ အာသာဖြေလို့ ဘာကောင်းကျိုးတွေ ဖြစ်စေလဲ။

ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးတယ်။
စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းတာတွေကို ဖြေလျှော့ပေးနိုင်တယ်။ စိတ္ကို ပြန်လည်တက်ကြွလာစေတယ်။
စိတ်ကျရောဂါ မဖြစ်အောင် တားဆီးပေးနိုင်တယ်။
ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အထောက်အကူပေးတယ်။
လိင်ဆက်ဆံတဲ့အခါမှာ လိင်စိတ်အထွဋ်အထိပ်ရောက်ဖို့ ကြာတယ်။
ထိုးသွင်းဆက်ဆံရာကနေတစ်ဆင့် ကူးဆက်တတ်တဲ့ ရောဂါတွေကိုလည်း ဟန့်တားပေးရာ ရောက်ပါတယ်။
တစ်ကိုယ်ရည်အာသာဖြေလို့ ဘာဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ။

မိမိကိုယ္ကို အာသာဖြေလိုက်လို့ ခန္ဓာကိုယ်ကို ကျန်းမာရေးအရ ဘေးထွက်ဆိုးကျိုးမှ မဖြစ်စေပေမဲ့ အလွန်အကြူးလုပ်မိတဲ့အခါမှာ ကိုယ့်ရဲ့ အိမ်ထောင်ဘ၀၊ နေ့စဉ်ဘ၀ကို သွားပြီးထိခိုက်နိုင်ပါတယ်။

မိမိကိုယ္ကို အာသာဖြေတာများလာရင် အမှန်တကယ် လိင်ဆက်ဆံနေတဲ့အချိန်မှာ အရင်ကလောက် သာယာမှု ရေတာ့မွာ မဟုတ်ပါဘူး။

အမျိုးသားတွေမှာ မကြာခဏ လိင်စိတ်ဖြေဖျောက်ရင် ဘာတွေ ဖြစ်နိုင်လဲ။

မကြာခဏ အာသာဖြေတဲ့အခါမှာ လူကမောပန်းလာမယ်။ သုက်လွှတ်စောလာမယ်။ ကိုယ့်ရဲ့ အဖော်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ အဟန့်အတားဖြစ်လာနိုင်တယ်။ လိင်တံကို အားနဲ့ညှစ်ပြီိး အာသာဖြေမိတဲ့အခါမှာ လိင်တံထဲမှာ ရွိတဲ့ သွေးကြောတွေကို ထိခိုက်မိတဲ့အတွက် လိင်တံက ဒဏ်ဖြစ်လာမယ်။ ေ၀ှးစေ့ဟာလည်း နာကျင်လာတတ်တယ်။ ခါးအောက်ပိုင်းမှာ နာကျင်ကိုက်ခဲလာမယ်။ အချို့လူတွေမှာ ဆံပင်တွေ ကျွတ်လာတတ်တယ်။

မကြာခဏ အာသာဖြေနေပြီဆိုတာ ဘယ်လိုသိနိုင်လဲ။

နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့အတွက် တစ်နေ့ကို အကြိမ်များစွာ အာသာဖြေမိတာမျိုး၊ ဒီကိစ္စကို လုပ်နေရလို့ ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်းတွေအတွက် အချိန်သိပ်မပေးနိုင်တော့တဲ့အခါ၊ မကြာခဏ အာသာဖြေဖို့ကိုပဲ စိတ်ကရောက်နေတဲ့အခါ၊ လိင်တံမှာ နာကျင်မှုကို ခံစားလာတဲ့အခါမျိုးတွေမှာဆိုရင် အာသာဖြေတာ အရမ်းများနေပြီဆိုတာ သိနိုင်ပါပြီ။

ဘယ္လိုကုသမလဲ။

စိတ်ရောဂါအထူးကုဆရာ၀န်နဲ့ ဖြစ်စေ၊ ကျန်းမာရေး အကြံပေးနဲ့ ဖြစ်စေ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။ အာသာဖြေဖို့အတွက် ဖြစ်လာတဲ့ စိတ်နဲ့ အားကို ကိုယ့်အတွက် အကျိုးရှိမယ့် အရာကို လုပ်ကိိုင်ရင်းနဲ့ ဖြေဖျောက်နိုင်ပါတယ်။ ဥပမာ  လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ တရားထိုင်တာ၊ သီချင်းနာထောင်တာ၊ အားကစားလုပ္တာ၊ အကသင်တန်းတက်တာမျိုးနဲ့ ကိုယ့်ရဲ့ စိတ္ကို ဖြေဖျောက်နိုင်ပါတယ်။

လိင်စိတ်ဖြေဖျောက်လို့ ကျားဟော်မုန်းတွေ နည်းသွားနိုင်လား။

အာသာဖြေတဲ့အတွက် testosterone လို့ ခေါ်တဲ့ ေ၀ှးစေ့ကနေ ထွက်တဲ့ ကျားဟော်မုန်းတွေ နည်းသွားတာမျိုးတော့ မဖြစ်စေပေမဲ့ တန်ဆေး၊ လွန်ဘေးဆိုသလို မကြာခဏ အာသာဖြေတဲ့အခါမှာ ကျားဟော်မုန်းတွေ နည်းလာနိုင်ပါတယ်။

အာသာဖြေလို့ သုက်ကောင်ရည် နည်းသွားနိုင်လား။

မကြာခဏ အာသာဖြေမိတဲ့အခါမျိုးမှာတော့ သုက်ကောင်ရည် ပြန်များလာဖို့ အချိန်နည်းနည်းကြာတတ်ပါတယ်။ သုက်ကောင်ရည်ဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် ထုတ်ပေးနေလို့ အာသာဖြေတာကြောင့် သုက်ကောင်ရည် နည်းသွားတာမျိုးတော့ မဖြစ်နိုင်ပါဘူး။

အမွန္တကယ္က တစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေသလို၊ လိင်ကျန်းမာရေးအတွက်လည်း အထောက်အကူပေးနိုင်ပါတယ်။ လိင်အာသာဖြေခြင်းကို တချို့နေရာတွေမှာ ဘာသာရေး၊ ပတ်၀န်းကျင် အယူအဆအရ ရှက်စရာကောင်းပြီး ညစ်ညမ်းတဲ့ အပြုအမူလို့ ယူဆထားကြပေမဲ့ သိပ်ပြီးတော့ သက်ဆိုင်မှုတော့ မရွိပါဘူး။ ကိုယ့်မှာသာ ခဏခဏ အာသာဖြေတတ်တဲ့ အကျင့်ရှိနေပြီဆိုရင်တော့ တခြားအလုပ်တစ်ခုခုလုပ်ရင်း အာရုံလွှဲပြောင်းပေးဖို့တော့ လိုပါတယ်။ အမျိုးသားတိုင်း သာယာပျော်ရွှင်ပြီး စိတ်သွားတိုင်း ကိုယ်ပါတဲ့ ဘ၀မျိုး ပိုင်ဆိုင်နိုင်ပါစေခင်ဗျား။

Credit

Post a Comment

0 Comments