အသည်းပုံလုပ်ရင်းနဲ ယောကျာ်အင်္ဂါပုံဖြစ်သွားတဲ့ ကိတ်မုန့်


အမ်မာ ပလမ်မာဟာ မုန့်ဖုတ်သမားကောင်းတစ်ယောက်ပါပဲ။ သူမရဲ့ အင်စတာဂရမ်အကောင့် Butter and Whisk ကို ကြည့်လိုက်ရုံနဲ့ သိသာပါတယ်။ သူမဟာ ကိုယ့်အလုပ်ကိုယ် ကျွမ်းကျင်နိုင်နင်းသူတစ်ယောက်ပါပဲ။ ဒါပေမယ့်လည်း လောကမှာ ခြောက်ပြစ်ကင်းတဲ့လူရယ်လို့တော့ မရှိဘူးမဟုတ်လား။ တခါတလေမှာ ဆရာ့ဆရာကြီးတွေတောင် ရယ်စရာကောင်းလောက်အောင် မှားတတ်ကြပါတယ်။ အင်တာနက်ပေါ် ပျံ့နှံ့လာတဲ့ ပို့စ်တစ်ခုမှာတော့ အမ်မာတစ်ယောက် ချစ်သူများနေ့အတွက် ပြင်ဆင်နေတာ။ အသည်းပုံကိတ်မုန့်ဖုတ်ဖို့ ကြိုးစားနေပါတယ်။

တကယ့်တကယ် ထွက်လာတော့ ပုံမှာ မြင်တဲ့အတိုင်းပါပဲ။ ထူးလည်းထူးဆန်း ရီစရာလည်းကောင်းပါတယ်။ အမ်မာကိုယ်တိုင်ကလည်း ဝန်ခံပါတယ်။ ဒီပို့စ်က လိုင်းပေါ် ပျံ့နှံ့သွားတော့ မြင်ရသူတိုင်းက မရီပဲ မနေနိုင်ကြပါဘူး။ တချို့ကဆိုရင် ကိတ်မုန့်တွေဟာ ဝှေးစေ့ကင်ဆာ သတိရှိရေးလအတွက်တော့ အကောင်းဆုံးဥပမာတွေဖြစ်လိမ့်မယ်လို့ ဝင်မန့်ကြပါတယ်။
BuzzFeed နဲ့ အင်တာဗျူးရာမှာတော့ ၂၃နှစ်အရွယ် ဆရာမကူပဲတတ်တဲ့ မုန့်ဖုတ်သမလေးက ပုံပွားတွေ လိုက်လုပ်နေတုန်းမှာ ဘာလုပ်လို့ လုပ်နေတယ်ဆိုတာတောင် သတိမထားမိလိုက်ဘူးလို့ ပြောပါတယ်။ နောက်ဆုံး ပြီးသွားမှကြည့်လိုက်တော့ အသည်းပုံရယ်လို့ မှန်းပြီးလုပ်ခဲ့သမျှ ယောကျာ်းဖွားဖက်တော်နဲ့ တူနေတော့တာပါပဲ။  အမ်မာကတော့ “ကျမ အူတက်အောင်ရီခဲ့ရတယ်။ ကျမရဲ့ မိသားစု အုပ်စုထဲကို ပုံပို့လိုက်တော့ လူတိုင်းက ခွက်ထိုးခွက်လှန် ရီကြပါတယ်”လို့ ပြောပါတယ်။

အွန်လိုင်းမှာ သူမရဲ့လက်ရာကို အထူးတလည်စိတ်ဝင်စားလာကြပြီး ဝှေးကိတ်ရယ်လို့တောင် နာမည်ပြောင်ရလာလို့ တချို့ကလည်း ဝယ်ယူလိုကြတယ်လို့ ဆိုပါတယ်။
credit

Post a Comment

0 Comments