ဗိုင်းရပ်စ်ကြောင့် အိန္ဒိယမှာ လိမ်လည်မှုများ မြင့်တက်နေ ကမ္ဘာ့အကြီးဆုံးရုပ်တုကြီးကိုပင် ရောင်းစားရန် ကြံစည်မူဖြစ်

ကမ္ဘာ့ဒုတိယအကြီးဆုံးနိုင်ငံကြီးဟာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် ရက်သတ္တသုံးပတ်တာ အသွားအလာကန့်သတ်ပြီး နေအိမ်ခြေချုပ်ချထားပေမယ့်လည်း အဲဒီလိုလုပ်တာဟာ အွန်လိုင်းရာဇဝတ်မှုတွေ မြှင့်တက်လာတာကိုတော့ မတားဆီးနိုင်ဘူးလို့ ဆိုပါတယ်။  အိန္ဒိယရဲ့ ၁.၃ဘီလျံသောပြည်သူတွေ အိမ်မှာနေကြတုန်းမှာ ဆိုင်ဘာရာဇဝတ်မှုမြောက်တဲ့ လှုပ်ရှားမှုတွေ မြှင့်တက်လာတယ်လို့ အာဏာပိုင်တွေက သတင်းပေးလာခဲ့ရာမှာ တစ်ယောက်ကဆိုရင် ကမ္ဘာ့အကြီးဆုံးရုပ်တုကြီးကို ရောင်းစားဖို့တောင် ကြံစည်ခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီက မတ်လ ၂၄ရက်နေ့မှာပဲ ၂၁ရက်ကြာမြင့်တဲ့ တစ်နိုင်ငံလုံး ပိတ်သိမ်းမှုကို ကြေညာခဲ့ပါတယ်။ မထွက်မဖြစ် ထွက်ရမယ့်လူတွေကိုသာ အပြင်ထွက်ခွင့်ပြုပြီး ဘာသာရေးပွဲလမ်းသဘင်တွေကိုလည်း တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားပါတယ်။  ကူးစက်ရောဂါက တစ်ကမ္ဘာလုံးကို သရောကြီးခိုင်းစေတဲ့အချိန်မှာပဲ ပြီးခဲ့တဲ့ ရက်သတ္တလေးပတ်တာအတွင်းမှာ ဆိုင်ဘာရာဇဝတ်မှုတွေဟာ ၈၆% ခုန်တက်လာခဲ့တယ်လို့ ပြည်ထဲရေးဌာနအာဏာပိုင်တွေက ရိုက်တာကို ပြောကြားခဲ့ပါတယ်။

အမှုတစ်ခုမှာဆိုရင် တစ်ယောက်သောသူက ရောင်းရငွေကို Covid-19 ကို တိုက်ဖျက်ရာမှာ ဂူဂျာရတ်အစိုးရကို ထောက်ပံ့ဖို့လို့ပြောပြီး ကမ္ဘာ့အကြီးဆုံးရုပ်တုကြီးကို ကန်ဒေါ်လာ ၄ဘီလျံနဲ့ ရောင်းချဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။  စည်းလုံးခြင်းရဲ့ ရုပ်တုရယ်လို့ ခေါ်ကြတဲ့ အိန္ဒိယရဲ့ ဗိသုကာဖခင်တစ်ယောက်ဖြစ်တဲ့ ဆာဒါ ဗာလာဘိုင် ပတဲကို ဂုဏ်ပြုထုဆစ်ထားတဲ့ ဒီရုပ်တုကို ၂၀၁၈ခုနှစ် အောက်တိုဘာလကမှ အနောက်ပိုင်းဂူဂျာရတ်ပြည်နယ် ခီဗာဒီရာမှာ ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။ နယူးယောက်က လွတ်လပ်ရေးရုပ်တုထက်ကို နှစ်ပြန်နှစ်ဆ မြင့်မားတဲ့ ရုပ်တုပဲ ဖြစ်ပါတယ်။

အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ လူလိမ်တွေဟာ မိုဒီက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ထူထောင်ခဲ့တဲ့ PM CARES Fund ရဲ့ ပုံစံတူအတုတစ်ခုကို ဖန်တီးခဲ့ကြရာမှာ တကယ့်တရားဝင်ဝဘ်ဆိုက်နဲ့လည်း ဆင်တူတယ်လို့ ဆိုပါတယ်။  NRIs နေထိုင်သူမဟုတ်တဲ့ အိန္ဒိယနိုင်ငံသားများရယ်လို့ သတ်မှတ်ထားတဲ့ အိန္ဒိယနိုင်ငံသားနဲ့ တစ်ဦးချင်း အတော်များများကို ပစ်မှတ်ထားတဲ့ လိမ်လည်မှုဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလူတွေက သူတို့ဟာ အကောင့်တုတွေဆီကို ဒေါ်လာ ထောင်ပေါင်းများစွာ လှူဒါန်းမိကြကြောင်း တိုင်တန်းချက်တွေကို လက်ခံရရှိလာရတယ်လို့ ပြည်ထဲရေးဌာန အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာကို ပြောကြားခဲ့ပါတယ်။  ကူးစက်ရောဂါကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့ လူတွေကို ဒုစရိုက်သမားတွေက ပစ်မှတ်ထားလာကြရာက အွန်လလိုင်းလိမ်လည်မှုတွေ ဖြစ်ပွားလာရတယ်လို့ ဆိုပါတယ်။  အိန္ဒိယမှာ အင်္ဂါနေ့ကအထိ Covid-19 ကူးစက်ခံရသူ ၄၉၁၁ယောက် ရှိလာပြီး ၁၃၇ယောက် သေဆုံးခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

Credit

Post a Comment

0 Comments