မိန်းမကိုယ်အကြောင်း သင် မသိသေးသော အချက် ငါးရပ်

မိန်းမကိုယ်နဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ ကိုယ်တိုင်တောင် မသိသေးလောက်တဲ့ အချက်ငါးရပ်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မိန်းမကိုယ်မှာ ကိုယ်ပိုင် ဂေဟစနစ် ရှိပြီး ပြင်ပနဲ့ လိုက်လျောညီထွေရှိတဲ့pHလည်း ရှိပါတယ်။ ကျန်းမာတဲ့ pH က အက်စစ်အနေအထားမျိုး ဖြစ်ပြီး ပုံမှန်အားဖြင့် ၃ ဒသမ ၅နဲ့ ၄ ဒသမ ၅ကြားမှာ ရှိပါတယ်။ မိန်းမကိုယ်ရဲ့pH က အ ပြောင်းလဲဖြစ်သွားရင် ဆိုးကျိုးတွေ ဖြစ် ပေါ်လာနိုင်ပါတယ်။ ဥပမာပြောရရင် သွေး၊ သုက်၊ ချောဆီအများစု၊ မိန်းမ ကိုယ်တွင်းထည့်တဲ့ ဖျန်းဆေး၊ ဘက်တီးရီးယားမှိုစွဲတာနဲ့ သုက်ပိုးသေဆေးတွေ ကို သုံးရင် မိန်းမကိုယ်ရဲ့ pHကို အက်စစ် မျှခြေကနေ လျော့သွားေစေပါတယ်။ ဒီလိုဖြစ်သွားရင် မိန်းမကိုယ် ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာနဲ့ ပုံမှန်မဟုတ်တဲ့ အရည်တွေ ဆင်းတာတို့ ဖြစ်တတ်ပါ တယ်။ မှို (mold)နဲ့ ကန်ဒီဒါမှိုပိုးတွေဟာ မိန်းမကိုယ်pHကို အက္စစ္ပမာဏ ပိုဖြစ်စေပါတယ်။

(၂) မိန်းမကိုယ်ရဲ့ ဂေဟစနစ်ဟာ အူ တွေလိုပဲ ကောင်းတဲ့ ဘက္တီးရီးယား တွေအပေါ်မှာ အကြီးအကျယ် မူတည် နေပါတယ်။ ကောင်းတဲ့ ဘက္တီးရီးယား လက်တိုဘက်ဆဲလ်လပ်စ်ဟာ မိန်းမကိုယ် မွာ ပိုး၀င်မှု မဖြစ်စေဖို့ ကာကွယ်ပေးနိုင် တဲ့အရာပါ။ ဒါကြောင့် လက်တိုဘက်ဆဲ လပ်စ်ပါတဲ့ ဒိန်ချဉ်ကို စားတာ၊ ဖြည့်စွက် ဆေး မှီ၀ဲတာတို့ကို ပြုလုပ်ပေးပါ။
 တကယ်လို့ ပဋိဇီ၀ပိုးသတ်ဆေးကို သတ်မှတ်ကာလပြည့်မီအောင် သောက် သုံးနေရသူဖြစ်ရင် အူလမ်းကြောင်းနဲ့ မိန်း မကိုယ်ရှိ ကောင်းတဲ့ ဘက္တီးရီးယားအ ပါအ၀င် ဘက်တီးရီးယားအားလုံး သေ သွားနိုင်တာကြောင့် ကူူးစက်ပိုး၀င်မှုဖြစ် လွယ်ပါတယ်။ ဒီအချိန်မှာ ဒိန်ချဉ်လို အကျိုးပြုဘက်တီးရီးယားပါတဲ့ အစာကို စားသောက်ပေးပါ။

(၃) မိန်းမကိုယ်က အလြန္သန္မာတဲ့ ကြွက်သားတွေနဲ့ဖွဲ့စည်းထားတာ ဖြစ်ပါ တယ်။ ဒါကြောင့် ကလေးတစ်ဦးကို မွေး နိုင်စွမ်း ရွိတာပါ။ ကလေးမွေးတာ၊ ဟော် မုန်းကျဆင်းတာ၊ အသက်ကြီးတာနဲ့ တချို့သော ကျန်းမာရေးအခြေအနေတွေ ကြောင့် မိန်းမကိုယ်ကြွက်သားကို လျော့ ရဲစေနိုင်ပါတယ်။ kegel  လေ့ကျင့်ခန်း၊ ကြွက်သားသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းနဲ့ တင်ပဆုံကြွက်သားသန်စွမ်းစေတဲ့ လေ့ ကျင့်ခန်းတွေ အားလုံးဟာ မိန်းမကိုယ် ကြွက်သားတွေကို သန်စွမ်းစေတဲ့အ တွက် အိမ်ထောင်ရေးကို အဆင်ပြေစေသလို ဆီးမထိန်းနိုင်တဲ့ ေ၀ဒနာကိုလည်း အဖြစ်နည်းစေပါတယ်။

(၄) မိန်းမကိုယ် ကူးစက်ပိုး၀င်ချိန်မှာ ပုံ မှန်မဟုတ်တဲ့ အချွဲတွေဖြစ်ပေါ်လာပြီး ပုံ မှန်အချွဲတွေနဲ့ ရောထွေးသွားနိုင်ပါ တယ်။ မမျိုးဥေ<ကခါနီးအချိန်မှာ မိန်းမ ကိုယ်အချွဲတွေ ထူလာပါတယ်။ တစ်ခါ တစ်ရံ ပိုး၀င်တဲ့အခါ ပုံမှန်မဟုတ်တဲ့ အ ချွဲမြှေးတွေ ဖြစ်လာတတ်တာကြောင့် အဲ ဒီအခါမွာ ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။

(၅) ပင်ကိုမိန်းမကိုယ်အနေအထားက ပုံမှန်ပါပဲ။ ဆိုလိုတာက မိန်းမကိုယ်ဆိုတာ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး ရှိတတ်တဲ့အတွက် ပုံမှန်မဟုတ်ဘူး၊ ခွဲစိတ် ပြုပြင်ဖို့ လိုအပ်တယ်ဆိုပြီး အမျိုးသမီး တချို့က စိတ်ပူနေတတ်ပါတယ်။ တကယ်တော့ မိန်းမအင်္ဂါဇာတ်နှုတ်ခမ်းက ရှည်လွန်းတာ၊ တိုလွန်းတာ၊ ပုံသဏ္ဌာန် မမှန်တာတွေ ဖြစ်နေတယ်လို့ မရွိပါဘူး။ ပုံမှန်ပဲ ဖြစ်တာကြောင့် စိတ္ပူစရာ မလိုပါဘူး။   
         
 Credit

Post a Comment

0 Comments