မြောက်ကိုရီးယားက နှစ်ရက်အတွင်း ဒုံးကျည် ပစ်လွှတ်လာနိုင်ကြောင်း အမေရိကန် ထောက်လှမ်း

နိုင်ငံဦးသျှောင် ကင်ဂျုံးအွန် အသည်းအသန်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ မြောက်ကိုရီးယားနိုင်ငံဟာ ဒုံုးကည်ပစ်လွှတ်မှုတစ်ရပ်အတွက် ပြင်ဆင်နေတဲ့ လက္ခဏာတွေကို အမေရိကန်က ထောက်လှမ်းတွေ့ရှိကြောင်း တောင်ကိုရီးယား သတင်းစာတစ်စောင်က တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယားဟာ တောင်ဟမ်ဂျောင်းပြည်နယ် ဆန်ဒေါ့အရပ်က လေယာဉ်ကွင်းမှာ သောကြာနေ့က ရွှေ့လျားဒုံးပစ်ယာဉ်တွေ ဖြန့်ကြက်ခဲ့တာလို့ Dong-A Ilbo သတင်းစာရဲ့ အွန်လိုင်းတင်ဆက်မှုမှာ ဖော်ပြပါတယ်။ ၄၈ နာရီအတွင်းမှာ ဒုံးကျည်ပစ်လွှတ်လာနိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ယူဆထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ တာတိုပစ်ဒုံးကျည်ထက် တာဝေးပစ်ဒုံးကျည် စမ်းသပ်မှု ဖြစ်နိုင်ခြေ မြင့်မားနေတယ်လို့ အဆိုပါ သတင်းစာက ဆိုပါတယ်။

ဧပြီ ၁၄ ရက်က မြောက်ကိုရီးယားနိုင်ငံဟာ တာတိုခရုဇ်ဒုံးကျည်တွေ ဖြစ်နိုင်တဲ့ ဒုံးကျည်တွဲတွေကို ဂျပန်ပင်လယ်ထဲ ပစ်လွှတ်ခဲ့ပါတယ်။
မတ်လမှာလည်း နေရာ လေးနေရာမှာ တာတိုပစ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

Rf; The Japan Times

Post a Comment

0 Comments