ဘာဖြစ်လို့ အစာမစားခင် နာရီဝက်အလိုမှာ ရေတစ်ခွက်သောက်သင့်တာလဲ။


အစာမစားခင် နာရီဝက်အလိုမှာ ရေသောက်ရင် သင့်ကျန်းမာရေးအတွက် အရမ်းကို ကောင်းပါတယ်
ဒါပေမယ့် ရေတစ်ခွက်မဟုတ်ဘဲ ၂ ခွက်၊ ၃ ခွက်လောက် သောက်သုံးရင် အစာခြေရခက်ခဲတတ်ပါတယ်။
ဒါ့ကြောင့် ရေအနည်းငယ်ကသာ အစာခြေစနစ်ကို အားကောင်းစေပါတယ်။
အားအင်တွေ ပိုရှိလာမယ်
အစာမစားခင် ရေတစ်ခွက်သောက်ရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကိုဖြည့်တင်းပေးရာရောက်ပါတယ်
ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ကောင်းစေပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်
အဲ့ဒီအပြင် အစာခြေစနစ်ကိုလည်းအားကောင်းစေပါတယ်။
ဦးနှောက်နဲ့ကြွက်သားတွေမှာ ရေဓာတ် ၇၅ ရာခိုင်နှုန်းပါဝင်တာကိုမမေ့သင့်ပါဘူး။ အဲ့ဒီအပြင် ကျောက်ကပ်နဲ့အသည်းတွေမှာလည်း ရေဓာတ် ၇၀ ရာခိုင်နှုန်းပါဝင်ပါတယ်။
ဒါ့ကြောင့် ရေမဆာပေမယ့်လည်း ရေအနည်းငယ်သောက်ပေးသင့်ပါတယ်
ကိုယ်အလေးချိန် လျော့ကျစေ
အစာမစားခင် ရေသောက်ရင် ကိုယ်အလေးချိန်လျော့ကျဖို့ အထောက်အကူပြုပါတယ်။ ကိုယ့်ရဲ့အစာအိမ်က ရေတွေနဲ့ပြည့်နေတာကြောင့် ဗိုက်အရမ်းဆာတော့မှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် အစာစားမှုနှုန်းလည်း လျော့ကျသွားကာ ကိုယ်အလေးချိန်လျော့ကျဖို့ကူညီပေးပါတယ်။
အသားအရေက ပိုပြီး လှပလာ
အစာမစားခင်ရေသောက်ရင် ခန္ဓာကိုယ်က ဗီတာမင်၊ သတ္တုဓာတ် နဲ့အောက်စီဂျင်တွေကို စုပ်ယူပေးနိုင်ပါတယ်။

Post a Comment

0 Comments