အစိုးရပေးအပ်မည့်အထောက်အပံ့ ပုံမှန်ဝင်ငွေမရှိသည့် အလုပ်အကိုင်ခုနစ်မျိုး လုပ်ကိုင်သူများ ခံစားခွင့်ရမည်စာရင်းကောက်ယူချိန်နည်း၍ အမှန်တကယ်လိုအပ်သူများ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်ဟုတာဝန်ရှိသူများ ပြော

တစ်နိုင်ငံလုံးအတိုင်း  အတာဖြင့် အစိုးရက ထောက်ပံ့  မည့် စားသောက်ကုန်ငါးမျိုးကို  ပုံမှန်ဝင်ငွေမရှိသည့် အလုပ်အ ကိုင်ခုနစ်မျိုး လုပ်ကိုင်သူများ ခံ စားခွင့်ရမည်ဟု အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူ များက ပြောသည်
ပုံမှန်ဝင်ငွေမရှိသော အခြေ ခံလူတန်းစားများအတွက် အိမ် ထောင်စုတစ်စုလျှင် ဆန် ရှစ် ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲတစ်ပိဿာနှင့် ကြက်သွန်တစ်ပိဿာ ထောက်ပံ့ မည်ဟု  ဧပြီ  ၆ ရက်တွင် ပြည် ထောင်စုအစိုးရက ကြေညာခဲ့ပြီး  နောက်တစ်ရက် (ဧပြီ ၇ ရက်)  တွင် မြို့နယ်အုပ်ချုပ်ရေမှူးရုံး များ၌  အရေးပေါ်အစည်းဝေးလုပ် ကာ  ထောက်ပံ့ပေးရမည့် အလုပ် အကိုင်ခုနစ်မျိုးကို သတ်မှတ်၍ ညွှန်ကြားချက်ထုတ်ခဲ့သည်။

ပုံမှန်ဝင်ငွေနည်း လက် လုပ်လက်စားလို့ အခြေခံအရ  သတ်မှတ်တယ်။ အဲဒီမှာ  နည်း နည်း Complain လေးတွေရှိနိုင် တယ်။

ဘာလဲဆိုတော့ တချို့ကျတော့ အခု စက်ရုံပိတ်လိုက်တော့ ဝင် ငွေနည်းသွားတယ်၊ အဲဒါမျိုး တွေ။ အဓိကတော့   ရသင့်ရထိုက် တဲ့သူတွေ ရစေချင်တယ်။ ဒါ ကြောင့် မလိုလားတဲ့ ပြဿနာ တွေမဖြစ်အောင် ပျံကျဈေးသည်၊ အနှေးယာဉ်လုပ်သား၊ ကျပန်း လုပ်သား၊ ကုန်ထမ်း၊ ခြံလုပ်သား စတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့  အခက်အ ခဲရှိနေတဲ့ သူတွေကို  ကောက်ခိုင်း တာ။ မီးသတ်ရယ်၊ လူမှုဝန်ထမ်း ရယ်၊  ကြက်ခြေနီရယ်နဲ့ ရပ်မိရပ် ဖက ကောက်မယ်။ အုပ်ချုပ်ရေး က ဦးစီးရမယ်။  ဒီလူက ဆင်းရဲ တယ်၊ မဆင်းရဲဘူးဆိုတာနဲ့ မလို အပ်တဲ့သူတွေကိုပေးမိတယ်ဖြစ်  မှာစိုးလို့ သေချာဆောင်ရွက်နေ တယ်’’ဟု လှိုင်သာယာ (၁) ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးနေမျိုး အောင်က ပြောသည်။

မြို့နယ် ထွေအုပ်ရုံးများမှ  ထွက်ရှိသော ညွှန်ကြားစာအရ  ထောက်ပံ့ပေးရမည့် အဓိက လူ တန်းစား စာရင်းတွင် ပျံကျ ဈေးသည် (ခေါင်းရွက်ဗျပ်ထိုး)၊ အနှေးယာဉ်လုပ်သား၊  ကျပန်း လုပ်သား (ပန်းရန်၊ လက်သမား၊ ကုန်ထမ်း)၊ ရေလုပ်သား (တံငါ သည်)၊ သမ္ဗန် (ကူးတို့သမား)၊  အလုပ်ကြမ်းသမား (ကျောက်ခွဲ၊  ဂဝံတူး၊ မြေတူး၊  အုတ်ဖုတ်) နှင့် ခြံလုပ်သား (ကောက်စိုက်၊ ပျိုး နုတ်) တို့ဖြစ် သည်။

ထို့ပြင် ပုံမှန်ဝင်ငွေမရှိဘဲ ဆင်းရဲသူ ဖြစ်ပါကလည်း ထောက်ပံ့ရမည့် စာရင်း ထဲတွင်  ထည့်သွင်းဖော်ပြပေးရန် ညွှန် ကြားထားပြီး ယနေ့ ၄ နာရီတွင်  စာရင်းပေးရမည်ဖြစ်ကြောင်း   တောင်ဒဂုံမြို့နယ် (၁၄၀) ရပ် ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်စိုး လင်းက ဆိုသည်။

ထို့အပြင် သာမန်လက်လုပ် လက်စားဟုတ်၊ မဟုတ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စိစစ်ရ  မည့်အချက် ၁၆ ချက်ရှိပြီး ကုမ္ပ  ဏီ ဝန်ထမ်းမဖြစ်ရန်၊ နိုင်ငံ့ဝန် ထမ်းမဟုတ်ရန်၊ ကုန်စုံဆိုင်ရှိ  သောအိမ်ထောင်စု မပါဝင်ရန်၊  လယ်ယာနှင့် စိုက်ပျိုးရေးသုံးစက်  ပစ္စည်းများ ပိုင်ဆိုင်သူမဖြစ်ရန်၊ အရောင်းအဝယ်ဖြင့် စီးပွားရှာနေ သောအိမ်ထောင်စုများ၊ နိုင်ငံခြား  မှ တစ်နည်းနည်းဖြင့်ထောက်ပံ့မှု ရနေသော အိမ်ထောင်စုများနှင့်  ငွေကြေးပြည်စုံသူများ မပါရှိရန်  ဖြစ်သည်။

‘‘ခေါင်းရွက်ဗျပ်ထိုး၊ ကျ ပန်း၊ ပန်းရန်၊ လက်သမား၊ ဆိုက် ကားဆရာတွေကို အဓိကထား ခိုင်းတယ်။ နိုင်ငံတော်က ရှိလို့လှူ တာမဟုတ်ဘူးလေ။ မရှိတဲ့ကြား ထဲက ဆင်းရဲသားတွေ ဒုက္ခ ရောက်မှာစိုးလို့ လှူတာဆိုတော့  အိမ်တိုင်ရာရောက် လိုက်စာရင်း  ကောက်ရတယ်။ မသမာမှုတွေ မဖြစ်အောင်လည်း တင်းတင်း ကြပ်ကြပ် ဆောင်ရွက်နေတယ်။  ဒီနေ့ (ဧပြီ ၇ ရက်) ၄ နာရီ နောက်ဆုံးထား တင်ပြရမယ်။ ဒေသကျယ်ပြန့်တဲ့ ကျွန်တော်တို့  နေရာမှာကျတော့ နောက်နေ့ထိ  ဆက်ကောက်ရမယ်လို့ သိရ တယ်’’ ဟု မြောက်ဥက္ကလာ(၂)  ရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦး မောင်မောင်ဆွေက ပြောသည်။

အချို့မြို့နယ်များတွင် ဧပြီ  ၇ ရက် နောက်ဆုံးထားကောက်ယူ ရန် နှုတ်မိန့်ဖြင့် ညွှန်ကြားမှု  ကြောင့်  အချိန်မလုံလောက်သည့်  အတွက် အခက်အခဲအပြင် စာ ရင်း ကောက်ယူရာတွင်လည်း  စောဒကတက်မှုများ ကြုံတွေ့ရ  ကြောင်း အုပ်ချုပ်ရေးမှူးအချို့က  ဆိုသည်။

‘‘အဓိက အခက်အခဲက တော့ အချိန်ပေါ့။ ဧပြီ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်ပဲဆိုတော့ မကျန် ခဲ့ရအောင် စေ့စေ့စပ်စပ်လုပ်ဖို့ တော့ မှာကြား ဆောင်ရွက်နေ တယ်။ ပြီးတော့ မိမိနဲ့ အဆင်မ ပြေတဲ့လူဆို စာရင်းချန်ခဲ့မှာမျိုး တို့၊ မိမိနဲ့အဆင်ပြေတဲ့လူဆို ပုံ မှန်လူတန်းစား စာရင်းမဝင်ဘဲ ထည့်ပေးတာမျိုးတို့ မဖြစ်ဖို့အ တွက် ကျွန်တော်တို့က ရပ်ကျေး အုပ်ချုပ်ရေးမှူး တွေ့ဆုံပွဲတွေမှာ မကျန်ခဲ့ဖို့ကို မှာကြားပြီးဖြစ်ပါ တယ်’’ ဟု ပျဉ်းမနားမြို့နယ်  အုပ်ချုပ်ရေးမှူး ဦးသိုက်ဖြိုးဝေက  ပြောသည်။

‘‘တချို့က ပိုက်ဆံလည်းရှိရဲ့သားနဲ့ လိုချင်ကြတာမျိုးတွေ  လည်းကြုံရတယ်။ ဘာလို့စာရင်း ထဲမပါရတာလဲဆိုတာတွေလည်း  ဖြေရှင်းနေရတယ်။ တချို့ဆိုရင် ညကတည်းက ရုံးမှာလာစုံစမ်း၊  စာရင်းပေးချင်လို့ လာပြောကြ  တယ်’’ ဟု စမ်းချောင်းမြို့နယ် ကျွန်းတော (မြောက်) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က စာရင်းကောက်ယူရသည့် အခြေ အနေကို ရှင်းပြသည်။

ထိုသို့ စာရင်းကောက်ယူ ခြင်းလုပ်ငန်းသည် ချက်ချင်းလုပ် ဆောင်ရသည့်အတွက် အချက် အလက်မှားယွင်းခြင်း၊ အမှန်တ ကယ်ရသင့်သူများ ကျန်ခဲ့ခြင်းတို့ ရှိနိုင်ကြောင်း အုပ်ချုပ်ရေးမှူးများ က သုံးသပ်သည်။

‘‘တစ်ရက်လောက်တည်းနဲ့ စာရင်း အတိအကျရဖို့ဆိုတာ  တော့မလွယ်ဘူး။ ကျန်ခဲ့လို့၊ စာ ရင်းထဲမပါလို့ဆိုပြီး နောက်ဆက် တွဲပြဿနာတွေ လာဦးမှာ ကြို သိနေတယ်။ ပြဿနာတက်ရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပဲ  ရှင်းရတော့မှာ။ ဘယ်လိုအခက် အခဲတွေရှိတယ်ဆိုတာ သိမှမသိ ကြတာ’’ ဟု မင်္ဂလာဒုံမြို့နယ်   (ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးနီဝင်းအောင်က ပြောသည်။

ထို့ကြောင့် ကနဦးကောက် ယူပြီး ပေးပို့သည့်စာရင်းအပြင် နောက်ရက်များ၌ ထပ်မံဖြည့်စွက် ကာပေးပို့သည့် နောက်ဆက်တွဲ စာရင်းကိုလည်း အစိုးရက လက်  ခံပေးရန်လိုပြီး တစ်ရက်တည်း  ကောက်ယူသည့်စာရင်းမှာ ပြည့် စုံမှုမရှိနိုင်သဖြင့် ထပ်တိုးစာရင်း  လက်ခံမှသာ ပစ္စည်းဝေရာတွင် အငြင်းပွားမှု လျော့နည်းနိုင်စေ  မည်ဟု ၎င်းတို့ကဆိုသည်။

‘‘တကယ် အခက်အခဲရှိတဲ့  သူတွေ၊ လက်လုပ်လက်စားသ မားတွေပါအောင် ဝိုင်းဝန်းကူညီ ဖို့ ပြောချင်ပါတယ်’’ ပုဗ္ဗသီရိမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးမြင့် အောင်က မေတ္တာရပ်ခံသည်။

ပုံမှန်ဝင်ငွေမရှိသော အခြေ ခံလူတန်းစားများအတွက် ပြည် ထောင်စုအစိုးရ၏ ထောက်ပံ့ပေး မည့် အစီအစဉ် ကြေညာချက်အ ရ မလိုလားအပ်သော လေလွင့်မှု များ၊ ကြန့်ကြာမှုများနှင့် အဂတိ လိုက်စားမှုများ မဖြစ်ပေါ်စေရန်   တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၏ ကြီးကြပ်မှုဖြင့် ဆောင် ရွက်မည်ဖြစ်သည်။ အခြေခံစား သောက်ကုန်ငါးမျိုးကို ဧပြီ ၁၀  ရက်ကစ၍ ထောက်ပံ့ပေးမည် ဖြစ်သည်။

ယခုကဲ့သို့ ထောက်ပံ့မှုပေးရ  ခြင်းမှာ COVID-19 ရောဂါ ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ နိုင်ငံအနှံ့အပြားမှ ပြည်သူ  များ၏ တင်ပြချက်များကို စိစစ်၍  အစိုးရက ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့်အခြေအနေကို ရှာဖွေ သုံးသပ်ဆောင်ရွက်ပေးရခြင်းဖြစ်  သည်ဟု ထုတ်ပြန်ထားသည်။

အခြေခံ လူတန်းစားများ  အား စားသောက်ကုန်ပစ္စည်းငါး မျိုး အခမဲ့ထောက်ပံ့သည့်အတွက်  အလုပ်သမားများကိုယ်စား ကျေး ဇူးတင်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများ  အဖွဲ့ချုပ် (CTUM) က ယမန်နေ့ တွင် ကြေညာချက် ထုတ်ပြန် သည်။

Ref: 7daynews

Post a Comment

0 Comments