မင်းဘူး-အမ်းကားလမ်း ဂုတ်စီးရိုးရွာအနီး ( ၁၂)ဘီးယာဉ်ချောက်ထဲကျတိမ်းမှောက်၍လူ(၂)ဦးသေဆုံး

မကွေးတိုင်းဒေသကြီး၊ငဖဲမြို့နယ်၊မင်းဘူး-အမ်းကားလမ်းမိုင်တိုင်အမှတ်(၆၄/၅)ဂုတ်စီးရိုးရွာအနီးတွင် ဧျပီလ(၇)ရက်နေ့ ညနေပိုင်းက ( ၁၂)ဘီးယာဉ်ချောက်ထဲကျတိမ်းမှောက်၍လူ(၂)ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ လမ်းခင်းကျောက်မှုန့်များတင်ဆောင်မောင်နှင်လာစဉ်(၁၂)ဘီးယာဉ်သည်၊မင်းဘူး-အမ်းကားလမ်းမိုင်တိုင်အမှတ်(၆၄/၅)(ဂုတ်စီးရိုးရွာ)အနီး ဂငယ်ကွေ့အရောက်တွင် ကားဘရိတ်ပေါက်၍အရှိန်းမထိန်းနိုင်ဘဲ လမ်း၏လက်ဝဲဘက်ပေ(၁၅၀)ခန့် နက်သောချောက်ထဲသို့(၁၂)ဘီးယာဉ်သည်ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဂုတ်ကြီးရဲကင်းစခန်းမှ သတင်းရရှိသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ(၆)ဦးရှိပြီး၊ ဦးတိုးဝင်း(၄၇)နှစ်၊ယာဉ်မောင်း၊မြို့မကွက်သစ်ရပ်ကွက်၊နတ်မောက်မြို့၊အခင်းဖြစ်နေရာတွင်သေဆုံး၊မျိုးမင်းဇော်(ခ)မျိုးသီဟအောင်(၁၈)နှစ်၊စာတတ်ကူကျေးရွာ၊ငဖဲမြို့နယ်၊အခင်းဖြစ်နေရာတွင်သေဆုံးခဲ့သည်။

ဒဏ်ရရာရရှိသူများဖြစ်သည့်
ဦးစိုးမိုးအောင်(၃၈)နှစ်၊ယာဉ်နောက်လိုက်တွင် ယာလက်ကောက်ဝတ်ပွန်းပဲ့ဒဏ်ရာ၊  ခါးဒဏ်ရာ၊ဦးခေါင်းမူးဝေသည်ဟုပြော၊(စိုးရိမ်ရ)ပဒါန်းဆေးရုံ၊ 

ကိုဝင်းဇော်(၃၉)နှစ်၊ စာတတ်ကူကျေးရွာ၊ ငဖဲမြို့နယ်၊(မေးစေ့ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ယာဘက်လက်မောင်းဖူးရောင်ညိုမဲဒဏ်ရာ(၁)ချက်၊ယာချိုင်း ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲဦးခေါင်းပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ယာခြေကျင်းဝတ် ဖူးရောင်ညိုမဲဒဏ်ရာ(၁)ချက်)(စိုးရိမ်ရ) ပဒါန်းဆေးရုံ၊ 

ညီညီထွေး (၁၈)နှစ်၊ ပန်းတောင်းကျေးရွာ၊ မင်းဘူး(စကု)မြို့နယ်၊ (ယာဘက်လက်ကောက်ဝတ် ပွန်းပဲ့ဒဏ်ရာ(၁)ချက်၊ ယာခါးနာ ဒဏ်ရာ(၁)ချက်၊ ဝဲ၊ ယာ ခြေသလုံး ပွန်းပဲ့ဒဏ်ရာ(၁)ခ်က္စီ) (မစိုးရိမ်ရ) ပဒါန်းဆေးရုံ၊

ဦးပေါ်တင်၊ (၅၂)နှစ်၊ ကိုင်းမကျီးကျေးရွာ၊ မင်းဘူး(စကု)မြို့နယ်၊ (ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲတံတောင်ဆစ် ပွန်းပဲ့ဒဏ်ရာ(၁)ချက်၊ ဝဲလက်ပြင်နာကျင်ဒဏ်ရာ(၁)ချက်၊ ဝဲခါးစောင်း နာကျင်ဒဏ်ရာ(၁)ချက်၊ ယာဘက်ပေါင် နာကျင်ဒဏ်ရာ(၁)ချက်၊ ဦးခေါင်းမူးဝေသည်ဟုပြော)(မစိုးရိမ်ရ) ပဒါန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ(၂)ဦး၊ ဒဏ်ရာရရှိသူလူနာ(၄)ဦးကို ရိုးမမေတ္တာနာရေးကူညီမှုအသင်း၊မြတ်စေတနာလူမှုကူညီရေးအသင်းတို့ မှပဒါန်းဆေးရုံသို့ သယ်ယူပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပဒါန်းနယ်မြေရဲစခန်းမှ ယာဉ်(ပ)၇/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မျိုးလှိုင်ဝင်း

Post a Comment

0 Comments