ကလေးတွေကို_ရိုက်ပြီးဆုံးမမှဖြစ်မှာလား

သားသမီးကို ဆုံးမတာလည်း ဆုံးမတာပေါ့လေ။ဒါပေမယ့် ရိုက်မောင်းပုတ်မောင်းနဲ့ ဆုံးမတာမျိုးကတော့ ဘယ္လိုမွ မဖြစ်သင့်တဲ့ ဆုံးမမှုမျိုးပါ။သားသမီးတွေကို ရိုက်နှက်ဆုံးမခြင်းအားဖြင့် ကလေးတွေဟာ-

လူကြောက်တတ်၊လူရှိန်တတ်လာမယ်၊အပေါင်းအသင်းမဆန့်တော့ဘူး။လူစိမ်းတွေကို ကြောက်တတ်လာမယ်။
ရန်လိုဒေါသထွက်တတ်လာမယ်။
ထိခိုက်အနာတရဖြစ်မယ်။
စိတ်ဒါဏ်ရာတွေ ရသွားမယ် အစရွိတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။
ဒါကြောင့် ရိုက်နှက်ဆုံးမရတဲ့ အခြေမဆိုက်ရအောင် ဘာတွေ လုပ်နိုင်မလဲဆိုတာကို ကြည့်ကြရအောင်။

၁။ ပတ်ဝန်းကျင် အေနအထားကို ပြောင်းပေးပါ။

မီးဖိုချောင်ထဲ၊ကြောင်အိမ်ထဲကို သင့်ကလေးက မွှေနှောက်သောင်းကျန်းနေတယ်ဆိုရင် ကြောင်အိမ်ကို သော့ခတ်ထားပါ။မီးဖိုချောင်နဲ့ ကေလးကို ဝေးဝေးထားပါ။အရုပ်တရုပ်ကို ကေလးက ဖျက်လို့ဖျက်ဆီးလုပ်နေတယ်ဆိုရင် အဲ့ဒီ့အရုပ်ကို ဘေးဖယ်ပစ်လိုက်ပါ။ဒီလိုမျိုး ပတ်ဝန်းကျင်အနေအထားကို ကြိမ်ဖန်များစွာ ပြောင်းပေးခြင်းအားဖြင့် သင်ဘာမကြိုက်တတ်ဘူး၊ဘာကိုတော့ဖြင့် မလုပ်ရဘူးဆိုတာကို ကလေးအနေနဲ့ သဘောပေါက်လာပါလိမ့်မယ်။

၂။ ကြိုတင်ပြင်ဆင်ပါ၊ ကြိုတင်ပြင်ဆင်ပါ၊ ကြိုတင်ပြင်ဆင်ပါ။

ကလေးတွေနဲ့ အပြင်သွားတဲ့အခါ၊ခရီးသွားတဲ့အခါ လမ်းမှာ အငြိမ်မနေလို့၊ဂျီတိုက်နေလို့ ရိုက်ရပုတ်ရလုပ်ရတာမျိုးတွေ ရှိနေပါသလား။ကိုယ့်ဖက်က ပြင်ဆင်သွားပါ။ကလေးကြိုက်တတ်တဲ့ အရုပ်လေးတွေ၊မုန့်လေးတွေကို တခါတည်း ကြိုကြိုတင်တင် ဆောင်သွားပါ။အိပ်ချင်လို့ ဂျစ်တိုက်ဂျီကျတတ်တဲ့ကလေးဆိုရင် မသွားခင် အိမ်မှာကတည်းက တေရးတေမာ သိပ်ထားပါ။ဒါဆိုရင် သင်ရောကလေးပါ အဆင်ပြေပါလိမ့်မယ်။

၃။ စည်းမျဉ်းစည်းကမ်းတွေကို သတ်သတ်မှတ်မှတ် ချပေးပါ။

ဘယ်နေရာမှာမဆို စည်းမျဉ်းစည်းကမ်းတွေဟာ အသက်ပါပဲ။အချိုတွေခိုးစားလို့ ရိုက်မှာထက်စာရင် ဘယ်အချိန်မှာ ဘယ်လောက်ပမာဏစားရမယ်ဆိုတာကို သတ်မှတ်ပေးပါ၊စာမကျက်ဘဲ ကာတွန်းကားခိုးကြည့်လို့ ရိုက်မယ့်အစား တနေ့တာအတွက် ကာတွန်းကားကြည့်ချိန်၊သူလေးအပန်းဖြေချိန်ကို သတ်မှတ်ပေးထားပါ စသဖြင့်ပေါ့။ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တဲ့နေရာမှာ တသမတ်တည်းဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ဒီနေ့ စာကျက်ရမယ့်အချိန်ကို စာမကျက်လို့ သင်အပြစ်ပေးလိုက်ပေမယ့် နောက်နေ့ဒီအချိန်မှာပဲ စာမက်က္တာကို သင်စိတ်ကြည်နေချိန်မို့ အျပစ္မေပးဘူး ဆိုတာမျိုးလည်း မဖြစ်သင့်ပါဘူး။တသမတ်တည်း ဖြစ်ပါစေ။ဒါဆိုရင် စည်းမျဉ်းစည်းကမ်းတွေနဲ့ အသားက်သြားတဲ့ သင့်ကလေးဟာ မကောင်းတဲ့အပြုအမူတွေ လုပ်နိုင်ချေနည်းသွားလို့ သင်လည်း ရိုက်ဖို့မလိုတော့ပါဘူး။

၄။ ဆုပေးဒါဏ်ပေးစနစ်ကို ကျင့်သုံးပါ။

စည်းကမ်းတွေ ချမှတ်ပြီးတဲ့အခါ အရေးကြီးတဲ့နောက်တချက်က ဆုပေးဒါဏ်ပေးစနစ် ကျင့်သုံးဖို့ပါပဲ။သင့်ရဲ့ စည်းကမ်းတွေအတိုင်း လိုက္နာတဲ့အခါ ချီးကျူးစကားပြောတာက အစပြုလို့ ကစားကွင်းလိုက်ပို့တာ၊အရုပ်၊မုန့်ဝယ်ပေးတာ စသဖြင့် ဆုချနိုင်ပါတယ်။စည်းကမ်းဖောက်ဖျက်လို့ အပြစ်ပေးရပြီဆိုရင်လည်း ရိုက်နှက်ဆုံးမတာမျိုး မလုပ်ဘဲ တီဗွီကြည့်ခွင့်ပိတ်တာ၊ဖုန်းပေးမဆော့တာ၊အပြင်ထွက်ဆော့ခွင့်မပြုတာ အစရှိတာလေးတွေနဲ့ ဒါဏ်ပေးနိုင်ပါတယ်။အဓိက အခ်က္က ရိုက်နှက်ဆုံးမစရာမလိုဘဲ သားသမီးတွေကို အထာက်က် ဆုံးမပဲ့ပြင်နိုင်ဖို့ပါ။ဒါဆိုရင် သူတို့စိတ်ထဲမှာလည်း မဟုတ်တာတခုခုလုပ်မယ်ဆိုရင် ပြန်ပြီးတန်ဖိုးတခုခု ပေးရတော့မယ်ဆိုတာကို နားလည်သွားပါလိမ့်မယ်။ဒါဟာ ရိုက်ပြီးဆုံးမတာထက် အများကြီး ပိုပြီး အဖိုးတန်ပါတယ်။

၅။ မသိချင်ယောင်ဆောင်နေပါ။

ကလေးငယ်ငယ်လေးတွေဆိုရင် အာရုံစိုက်ခံချင်တဲ့အတွက် အာပြဲကြီးနဲ့ငိုတာ၊ဂျီကျတာမျိုး လုပ်တတ်ကြပါတယ်။ဒီလိုအချိန်မျိုးမှာ ဒေါသတကြီးနဲ့ ရိုက်မောင်းပုတ်မောင်းလုပ်တာမျိုးထက် မသိချင်ယောင်သာ ဆောင်နေလိုက်ပါ။ကြာလာရင် ဒီလို လုပ်လို့မရဘူးဆိုတာ သူတို့လေးတွေ အလိုလို သိလာပါလိမ့်မယ်။သင်လည်း ရိုက်စရာ မလိုတော့ဘူးပေါ့။

၆။ သင့်စိတ်ကို ထိန်းပါ။

ကလေးနဲ့ ပတ်သက်လို့ အရမ်းဒေါသထွက်လာပြီဆိုရင် တျခားတေယာက္ဆီ လက်လွှဲပေးလိုက်ပါ။သင့် အိမ်ထောင်ဖက်ကို ခေါ်လိုက်တာမျိုး၊အဖိုးအဖွားနဲ့ ခဏထားခဲ့တာမျိုး လုပ်ပါ။သင်ကိုယ်တိုင်ကတော့ အေးအေးဆေးဆေး ရေစိမ်ချိုးတာ၊ဒါမှမဟုတ် စိတ်ပေါ့ပါးသွားအောင် ရှုခင်းကြည့်တာ ဒါမျိုးတွေကို လုပ်နိုင်ပါတယ်။ဒါဆိုရင် ကေလးကို ရိုက်မိမှာ မဟုတ်တော့ပါဘူး။

၇။ နွေးနွေးထွေးထွေး ပွေ့ဖက်ပါ။

ကလေးတွေဟာ ကလေးတွေပါပဲ။ကြီးကြီးမားမား အပြစ်လုပ်မိတာမျိုးမဟုတ်ရင် ရိုက်နှက်ဆုံးမမယ့်အစား ပွေ့ဖက်ပြီး လေအေးလေးနဲ့ နူးနူးညံ့ညံ့ဆုံးမတာမျိုးက အများကြီးပိုပြီး တာသွားပါတယ်။သင့်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ပြပြီးသား ဖြစ်သွားတာပေါ့။

အိုးကောင်း နာနာရိုက်ရမယ်ဆိုတဲ့ ဆိုရိုးစကားရှိပေမယ့် ကိုယ့်ရဲ့ ရင်သွေးလေးတွေကို ဒေါသအလျောက်ရိုက်နှက်ဆုံးမပြီးပြီဆိုရင်လည်း သင်ပဲ စိတ်မကောင်းဖြစ်ရမှာပါ။အဓိက ရည်ရွယ်ချက်က သင့်ရဲ့ သားသားမီးမီးလေးတွေ လိမ္မာရေးခြားရှိပြီး လမ်းမှားမရောက်အောင် ထိန်းသိမ်းဖို့ပဲ ဖြစ်တာကြောင့် ရိုက်မောင်းပုတ်မောင်းလုပ်မယ့်အစား အထက်မှာ ဖော်ပြခဲ့တဲ့အချက်လေးတွေနဲ့ တိုက်ဆိုင်ပြီး လိုက်နာကျင့်သုံးကြည့်ပါ။အနည်းနဲ့ အများတော့ ထူးခြားမှုလေးတွေ ရွိလာမွာ ဖြစ်ပါကြောင်း။

Credit

Post a Comment

0 Comments