ဆယ်ကျော်သက်လူငယ်တွေအတွက် ဘယ်လိုသနေ္ဓတားနည်းက အကောင်းဆုံးလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ခေတ်ကြီးက တိုးတက်လာတာနဲ့အမျှ လူငယ် အမ်ားစုက လိင်မှု ကိစ္စတွေကို လုပ်လာတတ်ကြပါတယ်။ ဒီလို လိင်မှု ကိစ္စတွေကို လုပ်တဲ့ အခါမှာလည်း လူငယ်အများစု ကေတာ့ ကွန်ဒုံးနဲ့ အရေးပေါ် သနေ္ဓတားဆေး (EC ) တို့ကိုသာ သုံးစွဲကြပါတယ်။

ဒါပေမဲ့ ဆယ်ကျော်သက်အများစုက ဒီလို အသုံးမ်ားတဲ့ သနေ္ဓတားနည်းတွေကို အချိန်တိုင်းသုံးလေ့ မရှိတဲ့အပြင် မှန်မှန်ကန်ကန်လည်း မသုံးစွဲတတ်ကြတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ ကျွန်တော် အခု ဒီဆောင်းပါးလေးထဲမှာတော့ ဆယ်ကျော်သက်လူငယ်တွေ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်တာဝန်ကို အချိန်မတန်ဘဲ မထမ်းကြရစေဖို့ ဘယ္လို သနေ္ဓတားနည်းတွေက အကောင်းဆုံးလည်း ဆိုတာကို Hello ဆရာ၀န်ပရိတ်သတ်ကြီး အတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

#စိတ်အချရဆုံး သနေ္ဓတားနည်းက ဘာလဲ

ဆယ်ကျော်သက်တွေအတွက် စိတ္ခ်ရဆုံး သနေ္ဓတားနည်းကတော့ Abstinence လို့ခေါ်တဲ့ လိင်မှု ကိစ္စကို ရှောင်ကြဉ်တာပါပဲ။ သင့်အနေနဲ့ လုံးဝမုခ် သနေ္ဓနဲ့လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါ (STD) တွေ ကူးစက္တာ မခံချင်ဘူးဆိုရင် လိင်မှုကိစ္စကို ငယ်ငယ်ရွယ်ရွယ်မှာ လက်တည့်မစမ်းပါနဲ့။

အကောင်းဆုံးသော သနေ္ဓတားနည်းတွေ  IUD (သားအိမ်တွင်း ထည့်သွင်းတပ်ဆင်ရတဲ့ ပစ္စည်း) နဲ့သနေ္ဓတားရန် ခန္ဓာကိုယ်တွင်း တပ်ဆင်ရသော ပစ္စည်း။

သားအိမ်တွင်း ထည့်သွင်းတပ်ဆင်ရတဲ့ ကိရိယာ ( IUD) တွေဟာ သနေ္ဓကို ရေရှည်ကာကွယ်ပေးနိုင်ပြီး ဆရာဝန်တွေကလည်း IUD တွေကိုသာ အရင်ဆုံး ညွှန်ကြားလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သနေ္ဓတားဆေးတွေ သောက်
မယ်ဆိုရင် နေ့တိုင်း တစ်နေ့ တစ်ခါ မပျက်မကွက်သောက်ရပါတယ်။ ဒါပေမဲ့ IUD တွေကတော့ တစ်ခါ တပ်ဆင်ထားရုံနဲ့ သနေ္ဓကို အထိရောက်ဆုံး သနေ္ဓတားနိုင်ပြီး IUD တပ်ဆင်ထားတဲ့ အမျိုးသမီး အယောက် ၁၀၀ မွာ တစ်ယောက်ခန့်ကသာ တစ်နှစ်အတွင်း သနေ္ဓရနိုင်တယ် လို့သိရပါတယ်။

#IUD နဲ့ ပတ်သတ်ပြီး သိကောင်းစရာများ

IUD ဆိုတာ သားအိမ်တွင်း တပ်ဆင်ရတဲ့ T ပုံစံ ပစ္စည်းလေး ဖြစ်ပါတယ်။ အမျိုးအစားပေါ် မူတည်ပြီး IUD တွေဟာ ၃ နှစ်ကနေ ၁၀ နှစ်အထိ ခံပြီး တစ်ချို့ IUD တွေကျတော့ သနေ္ဓရခြင်းကို ထပ်ဆောင်း ကာကွယ်ပေးဖို့နဲ့ ဓမ္မတာလာချိန် နာကျင်ခြင်းကို ကာကွယ်ဖို့ အတွက် ဟော်မုန်းတွေကို ထုတ်လုပ်ပေးတတ်ကြပါတယ်။

#သနေ္ဓတားရန် ခန္ဓာကိုယ်တွင်း တပ်ဆင်ရသော ပစ္စည်း

ဒီလို ခန္ဓာကိုယ်တွင်း ထည့်သွင်းရတဲ့ ကိရိယာဆိုတာ မီးခြစ်ဆံလောက်ပဲ ရွိတဲ့ ပလတ်စတစ်ချောင်းလေးဖြစ်ပြီး လက်မောင်း အထက်ပိုင်းက အေရျပားထဲ ထည့်သွင်းတပ်ဆင်ရတာ ဖြစ်ပါတယ်။ ဒီ ခန္ဓာကိုယ်တွင်းထည့်သွင်းရတဲ့ ပစ္စည်းလေးတွေကတော့ ၃ နှစ်အထိ သနေ္ဓတားနိုင်ပါတယ်။

IUD ပဲ ထည့်ထည့် Implant ပဲ ထည့်ထည့် ကျွမ်းကျင်ဆေးပညာရှင်တွေ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ပစ္စည်း ၂ ခုလုံးက လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ (STD) တွေရန်မှ မကာကွယ်ပေးနိုင်ပါဘူး။ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ (STD) ကို ကာကွယ်ချင်တယ်ဆိုရင်တော့ အမျိုးသားသုံး ကွန်ဒုံးတွေက အကောင်းဆုံးဖစ်ပါတယ်။

#တစ်ခြားသော သနေ္ဓတားနည်းများ  သောက်ဆေးနဲ့ ခန္ဓာကိုယ်တွင် ကပ်ရတဲ့ သနေ္ဓတားနည်းများ 

သောက်ဆေးဆိုတာ medroxyprogesterone (Depo-Provera) ဖြစ်ပြီး ပရိုဂျက်စတင် ဟော်မုန်းလို့ခေါ်တဲ့ သနေ္ဓကို စတင်ဖြစ်ပေါ် စေပြီး ကိုယ်ဝန်ဆောင်စဉ်ကာလမှာ မျိုးဥကြွေခြင်းကို တားဆီးပေးတဲ့ ဟော်မုန်း အဖြစ် ၃ လခန့် လုပ်ဆောင်ပေးတဲ့ ဆေး ဖြစ်ပါတယ်။

တကယ်လို့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်က ဒီနည်းကို ရွေးချယ်လိုက်မယ်ဆိုရင် သူမအနေနဲ့ ၁၁ ပတ်- ၁၃ ပတ်အတွင်း ဆရာဝန္ထံ ပုံမှန် ဆေးထိုးဖို့ သွားရောက်ရမှာ ဖြစ်ပါတယ်။ ဒီသနေ္ဓတားနည်းကို သုံးတဲ့ အမျိုးသမီးတွေ အနေနဲ့ ဓမ္မတာလာတဲ့ အခါ သွေးစီးဆင်းမှု နည်းသွားမှာ ဖြစ်ပြီး ကိုယ်အလေးချိန်တက်လာခြင်းနဲ့ အရိုးသိပ်သည်းဆ နည်းသွားခြင်း စတဲ့ အကျိုးဆက်တွေကို ခံစားရမွာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ သနေ္ဓတားနည်းကို ရွေးချယ်တဲ့ အမျိုးသမီးတွေထဲမှာ ၁ နှစ်အတွင်း အယောက် ၁၀၀ မွာ ၆ ယောက်သာ သနေ္ဓရလေ့ရှိပါတယ်။ ဒီနည်းရဲ့ သနေ္ဓတားနိုင်စွမ်းဟာ သနေ္ဓတားဆေးတွေ ထက်ပိုများပါတယ်။

#သနေ္ဓတားနည်း ကပ္ခြာမ်ား

သနေ္ဓတားနည်း ကပ္ခြာဆိုတာကေတာ့ အီစရိုဂျင်နဲ့ ပရိုဂျက်စတင် ဟော်မုန်းတို့ ပေါင်းစပ်ထားတဲ့ ကပ်ခွာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသနေ္ဓတားနည်းက သိပ်စိတ်မချရတဲ့နည်း ဖြစ်တာကြောင့် ဒီကပ္ခြာကို အချိန်မှန် ကပ်ဖို့၊ ခွာပေးဖို့လိုပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဒီကပ္ခြာကို ခန္ဓာကိုယ်ရဲ့ လက်မောင်း အပေါ်ဘက် (သို့) တင်ပါးမှာ ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီ ကပ္ခြာကို ၃ ပတ္တိတိ ဝတ်ထားပြီး တစ်ပတ်ခန့် ပြန်ခွာထားရမှာဖြစ်ပါတယ်။ အဲ့အချိန် ဓမ္မတာ လာမှာလည်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ တစ်ခြားနည်းလမ်းတွေလောက် သနေ္ဓတားရာမှာ သိပ်စိတ်မချရပါဘူး။
ဒီသနေ္ဓတားကို သုံးတဲ့ လူ အယောက် ၁၀၀ မွာ ၉ ယောက်အထိ သနေ္ဓရနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းဟာ သနေ္ဓတားဆေးတွေ ထက်တော့ သုံးရတာ ပိုအဆင်ပြေတဲ့ နည်းဖြစ်ပါတယ်။

#ဘယ္လို ရွေးချယ်ရမလဲ

ဆယ်ကျော်သက်တစ်ယောက်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ မိဘကိုယ်တိုင်ကပဲ ဖြစ်ဖြစ် မိမိရဲ့ သားသမီးတွေကို သနေ္ဓတားနည်းတွေနဲ့ ထိတွေ့မှုရှိစေချင်တယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ အဲ့လို သနေ္ဓတားနည်း စဉ်းစားတဲ့ အခါမွာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေလည်း ရှိပါတယ်။

အဲ့ဒါကေတာ့-

ကျန်းမာရေး
ယဉ်ကျေးမှုနဲ့ ဘာသာရေးအရ ကိုက်ညီမှု ရွိ၊ မရွိ။
ဘယ်လိုနည်းလမ်းတွေက သနေ္ဓတားရာမှာ ဘယ်လောက်အစွမ်းထက်သလဲ။
ဘယ္လို သနေ္ဓတားနည်းတွေက လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါ (STD) ကိုကာကွယ်ပေးနိုင်သလဲ။

အသုံးပြုရလွယ်ကူခြင်း။
 ကုန်ကျစရိတ်။
မြန်မာနိုင်ငံအနေနဲ့ ကလေးတွေကို လိင်မှု ကိစ္စနဲ့ သနေ္ဓတားနည်းတွေ ထုတ်ပြောဖို့က တော်တော်ခက်ခဲပါလိမ့်မယ်။ ဒီလိုဆိုရင် ကလေးဆရာဝန်တွေနဲ့ ပဲ ဖြစ်ဖြစ် မိသားစုဒေါက်တာနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းက အကောင်းဆုံးလည်း ဆိုတာ တိုင်ပင်ဖို့လိုပါလိမ့်မယ်။ အမေရိကန်မှာတော့ ၂၀၁၆ မတ္လမွာ စတင်ပြီး ပြည်နယ် ၂၁ ပြည်နယ်နဲ့ ကိုလံဘီယံဒေသ ဥပေဒအရ ဆယ်ကျော်သက်တွေဟာ သနေ္ဓတားနည်းအတွက် မိမိဘာသာ ဆုံးဖြတ်ခွင့်ရှိတယ်လို့ ဥပေဒ ပြဌာန်းခဲ့ပါတယ်။ သနေ္ဓတားနည်းကို ရွေးမယ်ဆိုရင်လည်း မိဘေတြ ရဲ့ သဘောတူညီမှု ယူစရာမလိုအပ်ပါဘူး။ များသောအားဖြင့် သနေ္ဓတားနည်း ဆိုတာ အမျိုးသမီးတွေပဲ လုပ်ဆောင်ကြရလေ့ရှိပေမဲ့ ယောက်ျားလေးတွေ အနေနဲ့လည်း တာဝန်ယူမှု ရှိသင့်ပါတယ်။

သနေ္ဓနဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါ (STD) တွေ ကာကွယ်ဖို့ အတွက် ယောက်ကျားလေးတွေ အနေနဲ့ ကြန္ဒုံး အသုံးပြုသင့်ပါတယ်။ ကွန်ဒုံးတွေဟာ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါ (STD) ကိုကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေပါပဲ။

Credit

Post a Comment

0 Comments