ရုရှားမှာ အကျဉ်းထောင်တွင်း ဆူပူအုံကြွရာမူဖြစ်ပြီး အကျဉ်းထောာင် မီးလောင် ၊ လုံခြုံရေးတွေတပ်ဖြန့်ချထားထောင်

အာဏာပိုင်တွေက သူတို့ကို ဆိုးဆိုးရွားရွားဆက်ဆံတယ်လို့ စွပ်စွဲပြီး အကျဉ်းသားတွေက ဆူပူအုံကြွလာပြီးတဲ့နောက်မှာ ရုရှ ဆိုက်ဘေးရီးယားဒေသက အကျဉ်းထောင်တစ်ခုရဲ့ အစိတ်အပိုင်း အတော်များများကို မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အန္ဂတ္က အကျဉ်းထောင်နယ်မြေ Penal Colony No 15 တစ်ဝိုက်ကို ပိတ်ဆို့ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေလည်း ဖြန့်ချထားတယ်လို့ ဆိုပါတယ်။  အသေအပျောက်ရှိပေမယ့်လည်း အရေအတွက်ဘယ်လောက်လည်းဆိုတာတော့ ကွဲကွဲပြားပြား မသိရေသးဘူးလို့ ဆိုပါတယ်။ရုရှ အကျဉ်းဦးစီးဌာနရဲ့ ပြောကြားချက်အရ အကျဉ်းသားတွေက အစောင့်ရဲတစ်ယောက်ကို တိုက္ခိုက္လို့ ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေးအုပ်စုတွေကတော့ အကျဉ်းသားတစ်ယောက်ကို ထောင်အရာရှိတစ်ယောက်က ရိုက်နှက်တဲ့အတွက် အဓိကရုဏ်းပေါက်ကွဲဖြစ်ပွားလာတာဖြစ်တယ်လို့ ပြောကြားကြပါတယ်။

ထောင်အာဏာပိုင်တွေကတော့ အဓိကရုဏ်းကို ထိန်းချုပ်နိုင်လိုက်ပြီဖြစ်ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြားပါတယ်။  လက်မောင်းမှာ သွေးစွန်းနေတဲ့ ပတ္တီးပတ္ထားတဲ့ အကျဉ်းသားတစ်ယောက်က သူ့ကို အစောင့်ရဲတွေက လည်ပည်းညှစ် ရိုက်နှက်နေကြလို့ ဆန့်ကျင်တဲ့အနေနဲ့ သူ့လက်ကောက်ဝတ်တွေ သူလှီးပစ်ခဲ့တယ်လို့ ပြောကြားနေတဲ့ ဗီဒီယိုလင့်ကို အုပ္စုတစ္စုက ထုတ်ပြန်လာခဲ့ပါတယ်။
Siberia Without Torture အုပ္စုရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အေအက်ဖ်ပီကို ပြောကြားရာမှာတော့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက အကျဉ်းထောင်ကို ဝိုင်းရံထားတဲ့အခိုက်မှာ မြေပြင်မှာ မီးစတင်လောင်ကျွမ်းလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။  နိုင်ငံပိုင်သတင်းအေဂျင်စီ Tass ရဲ့ ပြောကြားချက်အရ သစ်သားထည်စက်ရုံတစ်ရုံအပါအဝင် အဆောက်အဦးသုံးလုံး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ မော်စကိုအရှေ့ဖက် မိုင် ၂၅၀၀အကွာလောက်က ဒီအကျဉ်းထောင်မှာ အကျဉ်းသား ၁၂၀၀လောက်ရှိတယ်လို့ ဆိုပါတယ်။

Credit

Post a Comment

0 Comments