ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စက်တင်ဘာလလောက်တွင် အဆင်သင့်ဖြစ်မည်ဟုဆို

အောက်စဖို့တက္ကသိုလ်က ပါမောက္ခတစ်ယောက်ရဲ့ ပြောကြားချက်အရ Covid-19အတွက် ကာကွယ်ဆေးဟာ အေစာဆုံး စက်တင်ဘာလလောက်မှာ အဆင်သင့်ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးဗေဒပါမောက္ခ ဆာရာ ဂီးလ္ဘတ္ကေတာ့ သူ့အဖွဲ့က ဖော်စပ်နေတဲ့ Covid-19ကာကွယ်ဆေးဟာ အလုပ်ဖြစ်လိမ့်မယ်လို့ ၈၀%ယုံကြည်ထားတယ်လို့ ပြောကြားပါတယ်။
ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ပြောကြားချက်အရ အောက်စဖို့တက္ကသိုလ်က သူမရဲ့အဖွဲ့ဟာ အခုဆိုရင် ကမ်ဘာနဲ့အ၀န်းမှာ လူပေါင်း ၁၀၀၀၀၀ကျော်လောက် သေဆုံးခဲ့ရပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးရှာဖွေနေကြတဲ့ နိုင်ငံတကာကြိုးစားအားထုတ်မှုရဲ့ အစိတ်အပိုင်းပဲဖြစ်တယ်လို့ ဆိုပါတယ်။
လူနဲ့စမ်းသပ်မှုကို လာမယ့်ရက်သတ္တ နှစ်ပတ်အတွင်းမှာ လုပ်ဆောင်သွားမှာဖြစ်ပြီး ကာကွယ်ဆေးကို စောနိုင်သမျှ အစောဆုံးရနိုင်ဖို့အတွက် တစ်ပတ်မှာ ၇ရက်လုံးလုံး အလုပ်လုပ်နေတယ်လို့ ပါမောက္ခ ဂီးဘတ္က ပြောပါတယ်။
သူမက The Times သတင်းစာကို ပြောကြားရာမှာတော့ ဒီဆေးအမျိုးအစားနဲ့ တခြားအရာတွေမှာ စမ်းသပ်ကြည့်ခဲ့တဲ့ အတွေ့အကြုံအရ အလုပ်ဖြစ်ဖို့ အခွင့်အလမ်းများတယ်လို့ ထင်မြင်တယ်လို့ ဆိုပါတယ်။

ရောရမ်းမှန်းဆချက်သက်သက်မဟုတ်ပါဘူး။ တစ်ပတ်ကုန်သွားတိုင်း လေ့လာစရာ အချက်အလက်တွေက တိုးတိုးလာပါတယ်။ ကျမအနေနဲ့တော့ ၈၉% ယုံကြည်မှုရှိပါတယ်လို့ ဂီးဘတ္က ပြောပါတယ်။

အရာရာချောမွေ့ရင်တော့လည်း ဆောင်းဦးလောက်မှာ အဆင်သင့်ဖြစ်လာဖို့ ဖြစ်နိုင်ပေမယ့် အလုပ်ဖြစ်မယ်ဆိုတာတော့ ဘယ္သူမွ အာမမခံနိုင်ပါဘူးလို့လည်း သူမက သတိပေးပါတယ်။
ယူကေမှာ တစ်နိုင်ငံလုံး ပိတ်သိမ်းထားလို့ လူချင်းထိစပ်မှု မရှိသလောက်ဖြစ်တာကြောင့် ကာကွယ်ဆေးကို စမ်းသပ်ဖို့ ခက်ခဲနေပြီး ရလဒ်မြန်မြန်သိရဖို့ဆိုရင် ကူးစက်မှုနှုန်းမြင့်မားတဲ့ တစ်နေရာရာမှာ စမ်းသပ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ယခုရက်သတ္တပတ်အစောပိုင်းက ဆောက်သမ်တမ်တက္ကသိုလ်က သုတေသီကတော့ ဗိုင်းရပ်စ်ဟာ အကာအကွယ်နိမ့်တဲ့အတွက် ကာကွယ်ဆေးထုတ်ရတာ လွယ်ကူမယ့်သဘောရှိတယ်လို့ တွေ့ရှိရကြောင်း ပြောကြားခဲ့ပါတယ်။

ယူကေဟာ ကာကွယ်ဆေးရှာဖွေတဲ့ ရှေ့တန်းမျက်နှာစာမှာရှိနေပြီး ပြီးခဲ့တဲ့လထဲကပဲ ဒီလုပ်ငန်းတွေအတွက် ပေါင်စတာလင် ၂၁၀သန်းကို ထည့်၀င်ထားလို့ ကာကွယ်ဆေးအတွက် လက်ရှိမှာ အမြင့်ဆုံးထည့်၀င်မှုပဲ ဖြစ်ပါတယ်။

တကယ္လို့ လူနဲ့စမ်းသပ်လို့ အောင်မြင်သွားခဲ့ရင် ဆေးအဖုံ သန်းပေါင်းများစွာကို ၀ယ်ယူဖို့ ဆန္ဒရှိနေတယ်လို့လည်း အစိုးရက ပြောကြားပါတယ်။
Credit

Post a Comment

0 Comments