မုံရွာနည်းပညာကျောင်းသားများက အလိုအလျောက်ပိုးသတ်ဆေးဖျန်းစက်တီထွင်ပြီး အစိုးရကိုလှူဒါန်း

မုံရွာနည်းပညာတက္ကသိုလ်က ကျောင်းသား ၄ ဦးစုပေါင်းကာ ဝင်ပေါက်ထွက်ပေါက်တွေမှာ အသုံးပြုနိုင်မယ့် အာရုံခံစနစ်ပါ အလိုအေလ်ာက္ပိုး သတ်ဆေးဖျန်းတဲ့စက်ကိုတီထွင်ပြုလုပ်ပြီး ဧပြီလ ၈ ရက်နေ့မှာ စစ်ကိုင်းတိုင်းအစိုးရရုံးကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ဒီစက်ကို မုံရွာမြို့ရှိ Save Monywa အဖွဲ့ရဲ့ ကူညီပံ့ပိုးမှုနဲ့ပြုလုပ်တာဖြစ်ပြီး ဝန်ကြီးချုပ်ကိုယ်တိုင် စစ်ဆေးပြီးနောက် သဘောကျတဲ့အတွက် ကုန္က်စရိတ္ကို အစိုးရက စိုက်ထုတ်ပေးမှာဖြစ်ကာ နောက်ထပ် ၁၀ ခုထပ်မံပြုလုပ်ပေးဖို့ကို မှာကြားခဲ့တာပါ။
Save Monywa အဖွဲ့မှ ကိုအောင်နေမျိုးက အဓိကကေတာ့ တိုင်းအတွင်းခရိုင် ၁၀ ခုကို ဖြန့်ဝေပေးဖို့ပေါ့လေ။ ကုန္က်စရိတ္ကို အစိုးရက ကျခံပေးမှာပေါ့။ လောလောဆယ် လမ်းတွေက ပိတ်တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်က ဝယ္မရဘူး။ နောက်ပြီး မုံရွာမှာလည်း မရွိဘူး။ ဆိုတော့ လိုအပ်တဲ့ ပစ္စည်းအမျိုးအစား အရေအတွက်တွေကို စာရင်းပြုစုပြီး လူမှုရေးဝန်ကြီးကို ပေးလိုက်ရင် သူ့ဟာသူ ဝယ်ပေးမှာပေါ့။ မြန်မြန်လုပ်ပေးပါလို့တော့ ပြောလိုက်တယ်။လို့ ပြောပါတယ်။အခုလို တီထွင်တာက ကျောင်းတွေပိတ်ထားတာဖြစ်လို့ ကိုရိုနာကာကွယ်ရေးမှာ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီတာဖြစ်တယ်လို့ ကိုရှိုင်းဝဏ္ဏလွင်က ပြောပါတယ်။
အာရုံခံစနစ်ပါတဲ့ အလိုအလျောက်ဆေးဖျန်းစက်ကို ပစ္စည်းအခက်အခဲတွေကြောင့် ၅ ရက်လောက် အချိန်ယူပြီး တည်ဆောက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကုန်ကျငွေ ကျပ် ၃ သိန်း ဝန်းကျင်ရှိပြီး အာရုံခံကိရိယာ ၂ ခု၊ ရေငွေ့ထွက်မယ့် နော်ဇယ်ခေါင်း ၁၅ ခုပါဝင်ပါတယ်။ အမြင့် ၇ ပေ၊ အလ်ား ၅ ပေ၊ အနံ ၄ ပေရှိတဲ့ ဒီစက္ကို ပစ္စည်းပြည့်စုံရင် ၃ ရက်လောက်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။ဧပြီလ ၄ ရက်နေ့ကလည်း အစိုးရအဖွဲ့ကို စစ်ကိုင်းနည်းပညာ တက္ကသိုလ်ကျောင်းသားတွေက သူတို့တီထွင်ထားတဲ့ အာရုံခံစနစ်ပါ လက်သန့်စက် ၅ ခုကိုလည်း လာရောက်လှူဒါန်းခဲ့ ပါသေးတယ်။ မုံရွာမြို့က နည်းပညာကျောင်းသားတွေကလည်း သူတို့တီထွင်ထားတဲ့ ပိုးသတ်ဆေးဖျန်းစက်ကိုလည်း အစိုးရအဖွဲ့ကို လှူဒါန်းပေးသွားမယ်လို့ ဆိုပါတယ်။
Credit

Post a Comment

0 Comments