နယူးယောက်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်က 9/11 အကြမ်းဖက်တိုက်ခိုက်မူထက််််််််််ပိုများလာ

နယူးယောက်မြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ စက်တင်ဘာ ၁၁ရက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (World Trade Center)တိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့တဲ့အရေအတွက်ထက်ကို ကျော်လွန်သွားခဲ့ပြီလို့ ကျန်းမာရေးအာဏာပိုင်တွေက အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။ ဗြိတိန်မှာတော့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး အထူးကြပ်မက်ကုသဆောင်ထဲမှာ ရောက်နေပါတယ်။

မြို့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ နယူူးယောက်မြို့တော်မှာ Covid-19ကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၃၂၀၂ယောက်အထိ ရောက်ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ တာဝါညီနောင်အဆောက်အဦးကို အနုကြမ်းစီးထားတဲ့လေယာဉ်တွေနဲ့ ဝင်တိုက်ပစ်ခဲ့တုန်းက အမေရိကန်မြေပေါ်မှာ အသေအပျောက်အများဆုံး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး နယူးယောက်မြို့ပေါ်မှာတင် လူပေါင်း ၂၇၅၃ယောက် သေဆုံးခဲ့ရပြီး ၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ရက် တစ်နေ့တည်းမှာပဲ ပင်တဂွန်နဲ့ ပင်ဆယ်ဗေးနီးယား တိုက်ခိုက်မှုတွေပါပေါင်းလိုက်ရင် သေဆုံးသူက ၂၉၇၇ယောက်ရှိပါတယ်။

နယူးယောက်ပြည်နယ်မှာ အင်္ဂါနေ့တစ်ရက်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၇၃၁ယောက် သေဆုံးခဲ့လို့ တစ်ရက်တာအတွင်း အမြင့်ဆုံးခုန်တက်သွားခဲ့ဖြစ်ပြီး ပြည်နယ်တစ်ခုလုံးအနေနဲ့ဆိုရင် သေဆုံးသူအရေအတွက်က ၅၅၀၀နီးပါးအထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူး ကူယိုမိုက ပြောပါတယ်။

ဒါပေမယ့်လည်း အားတက်စရာက နေ့စဉ် အသစ်အသစ် ဆေးရုံကိုရောက်လာတဲ့ လူနာအရေအတွက်က ကျဆင်းလာပြီး အသက်ရှူပိုက်လိုအပ်တဲ့ လူနာလည်း နည်းလာလို့ လူတွေကို တစ်ယောက်နဲ့တစ်ယောက်ခွာပြီး နေခိုင်းတဲ့ မူအသစ်က အောင်မြင်ပုံရတယ်လို့ ဆိုပါတယ်။  တစ်ရက်ထဲမှာ သေဆုံးမှုနှုန်းထိုးတက်သွားတာဟာ ကြောက်စရာကောင်းတယ်ထင်ရပေမယ့်လည်း ဒီရက်သတ္တပတ်မတိုင်ခင်က ဆေးရုံတင်ထားတဲ့ လူနာတွေမို့ ခြုံကြည့်ရင် နှေးကွေးသွားတဲ့သဘောပါလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်တွေမှာ သေဆုံးသူအရေအတွက်ဟာ တိုးမလာဘဲ တန်းနေတယ်လို့ ဆိုပါတယ်။

“အပြောင်းအလဲငြိမ်နေတာကို တွေ့ရမှာပါ။ ဒါဟာ ကျနော်တို့လုပ်လိုက်တဲ့ အရာကြောင့်ပါပဲ။ ဒါကို မလုပ်ဘူးဆိုရင်တေတာာတ့ ဂရပ်ဖ်မျဉ်းက အတက်ကြမ်းနေဦးမှာပါ။ ခပ်ခွာခွာနေမူက အလုပ်ဖြစ်ပါတယ်”လို့ ကူယိုမိုက ပြောကြားခဲ့ပါတယ်။  အမေရိကန်တစ်နိုင်ငံလုံးမှာ ကူးစက်ခံရသူအရေအတွက်က ၃၇၀၀၀၀နီးပါးရှိပြီး အခုအချိန်အထိ ၁၁၀၀၀ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Credit

Post a Comment

0 Comments