တစ်ကိုယ်လုံး ချွတ် အိပ်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

ကိုယ်တုံးလုံးနဲ့ အိပ္ဖူးပါသလား။ လူတိုင်း အနည်းဆုံး တစ်သက်မှာ တစ်ခါလောက်တော့ ကိုယ္တုံးလုံး အိပ်ဖူးကြမယ် ထင်ပါတယ်။ မိမိရဲ့အလေ့အကျင့်တွေကို ပြောင်းလဲဖို့ မလွယ်ကူပေမယ့် ကျင့်သားရလာပြီဆိုရင် သက်သောင့်သက်သာရှိမှု သာမက ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်လာစေမှာဖြစ်တယ်။

အဝတ်အစားချွတ်ပြီး ကိုယ်တုံးလုံးအိပ်ခြင်းမှ ရရှိတဲ့ အကျိုးကျေးဇူး (၅) မျိုး ရှိပါတယ်။

(၁) အသားအေရ ကောင်းမွန် ကျန်းမာလာစေခြင်း

အဝတ်အစား ချွတ်အိပ်ခြင်းကြောင့် အကျိုးကျေးဇူး ပိုမိုရရှိခံစားရတာက အေရျပားပဲ ဖြစ်ပါတယ်။ အိပ်တဲ့အခါ အကျၤီရဲ့ချုပ်နှောင်မှုမှ ကင်းလွတ်သလို အသက်လည်း လွတ်လွတ်လပ်လပ် ရှူလို့ရပါတယ်။ ဝက်ခြံ၊ အပူထွက်ပြသနာရှိသူတွေအတွက် အရမ်း အသုံးတည့်ပါတယ်။ ဆေးဝါးနဲ့ တခြားကုသမှုတွေထက်စာရင် ပိုမို ထိရောက် အသုံးဝင်ပါတယ်။ ကိုယ္တုံးလုံး အိပ်ခြင်းဖြင့် အေရျပား ကျန်းမာရေးကို အဘက်ဘက်မှ တိုးတက်ကောင်းမွန်စေပါလိမ့်မယ်။

(၂) မိမိလက်တွဲဖော်နဲ့ ဆက်ဆံရေးကို ခိုင်မြဲစေ

အဝတ်အစား ချွတ်အိပ်ခြင်းဖြင့် အသားချင်း ထိတွေ့မှု ရရှိစေတယ်။ oxytocin ဟော်မုန်း ထုတ်လုပ်မှုကို အားပေးကာ မိမိလက်တွဲဖော်နဲ့ ဆက်ဆံရေးအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု တစ်ခုဖြစ်စေပါတယ်။ မိမိတို့ အချင်းချင်း ကြား ဆက်ဆံရေးအကျိုးရှိနေစေကာမူ oxytocin ထုတ်လုပ်မှုကြောင့်လည်း စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါကိုပါ ကာကွယ်ပေးပါတယ်။ အသားချင်းထိတွေ့မှု ရှိတဲ့အချိန်မှသာ oxytocin ထုတ်လုပ်မှုဖြစ်ပွားတာကြောင့် အဝတ်အစားချွတ်ဖို ့ငြင်းဆန်နေမယ်ဆိုရင် ယင်းအကျိုးကျေးဇူးတစ်ခုမှ သင် ရရှိခံစားနိုင်မှာမဟုတ်ပါဘူး။

(၃) အိုမင်းရင့်ရော်မှုနှေးကွေးစေ

ကိုယ္တုံးလုံး အိပ်တဲ့အခါ ခန္ဓာကိုယ် အပူချိန် ကျဆင်းပါတယ်။ ဒ့ါကြောင့် ဟော်မုန်းထုတ်လုပ်မှုများပြားလာစေကာ အသားအရေလည်း သူ့အလိုအလျောက် ထိန်းသိမ်းပြီးသားဖြစ်စေပါတယ်။ ဒါ့ကြောင့်မို့ ဒီဖြစ်စဉ်ကနေ အရေပြားတွန့်ရှုံ့ခြင်းမှ ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။

(၄) မိမိကိုယ္ကိုမိမိ ပိုတန်ဖိုးထားလာခြင်း

ကိုယ္တုံးလုံး အိပ်တော့မယ်လို့ ဆုံးဖြတ်ထားရင် အနေအထိုင် သက်သောင့်သက်သာ ခံစားသည်မက မိမိကိုယ်ကိုမိမိ တန်ဖိုးထားတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာလည်း positive ဆန်တဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။ ကိုယ်ကိုကိုယ် ယုံကြည်မှု တိုးမြင့်လာပြီး ပျော်ရွင်မှုကို တစ်နေ့ထက်တစ်နေ့ ပိုမိုခံစားလာရမှာဖြစ်ပါတယ်။

(၅) ဆီးချိုရောဂါကဲ့သို့သော ရောဂါများ ကာကွယ်နိုင်

Diabete ဂျာနယ်ထဲက ဆောင်းပါးတစ်ပုဒ်အရ အေးတဲ့အခန်းတစ်ခုထဲ အဝတ်ဗလာနဲ့အိပ်မယ်ဆိုရင် တချို့သော ရောဂါအပြင်းအထန်တွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ အံ့သြစရာအကောင်းဆုံး အဝတ္ဗလာ အိပ်ခြင်းရဲ့အကျိုးကျေးဇူးဖြစ်ပါတယ်။

Credit

Post a Comment

0 Comments