လာမည့်သီတင်းပတ် လူသေဆုံးမှု မြင့်လာနိုင်ဟု အမေရိကန်သမ္မတ သတိပေး

လာမယ့်သီတင်းပတ်နှစ်ပတ်ဟာ အမေရိကန်ပြည်ထောင်စုအတွက် အခက်ခဲဆုံး ဖြစ်လာ နိုင်ပြီး လူသေဆုံးမှု အများအပြားလည်း ရှိလာလိမ့်မယ်လို့ သမ္မတဒေါ်နယ်ထရမ့်က ဧပြီလ ၄ ရက်မှာ သတိပေး ပြောကြားလိုက်ပါတယ်။
လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အများဆုံးဖြစ်နေတဲ့ အမေရိကန်မှာ ကပ်ဘေးကို ကူညီဖို့ ပြည်နယ်တွေဆီကို စစ်သားထောင်ပေါင်းများစွာ တပ်ချသွားမယ်လို့လည်း ထရမ့်က ဆိုပါတယ်။
အမေရိကန်ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ တားဆီးရေးဗဟိုဌာန CDC ရဲ့ စနေနေ့ ထုတ်ပြန်ချက်အရ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူဦးရေ ၂၇၀,၀၀၀ ကျော် ရှိလာပြီး သေဆုံးသူဦးရေကလည်း ၁၀၀၀ ကျော်ကနေ ၆၅၉၃ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။
သမ္မတထရမ့်က ပြည်နယ်တွေထဲမှာ ကပ်ဘေးဒဏ်အခံရဆုံးဖြစ်နေတဲ့ နယူးယောက်ပြည်နယ်ကိုလည်း စစ်ဆရာဝန်နဲ့ သူနာပြုတပ်ဖွဲ့တွေ အပါအဝင် စစ်သားဦးရေ ၁၀၀၀ ပို့လွှတ်ထားတယ်လို့ ဆိုပါတယ်။
နယူးယောက်ပြည်နယ်ဟာ တနင်္ဂနွေနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၃,၅၆၅ ဦး ရှိထားပြီး ကူးစက်ခံထားရတဲ့ အတည်ပြုလူနာဦးရေကလည်း ၁၁၄,၇၇၅ ဦးအထိ ရှိ လာနေတယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။
credit

Post a Comment

0 Comments