ကိုရိုနာဗိုင်းရပ်စ်ထက် အမေရိကန်ဆန်ရှင်က နှစ်ဆပိုပြီးကြောက်ဖို့ကောင်းကြောင်း အီရန် ပြော

ဒဏ္ခတ္ပိတ္ဆို့မွု ဆန်ရှင်တွေကြောင့် အီရန်နိုင်ငံ အထိနာခြင်းဟာ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတာကြောင့်ထက် နှစ်ဆပိုတယ်လို့ ပြောရင်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမတ္ဂ်ာဗက္ဇာရစ္က သူ့နိုင်ငံအပေါ် အမေရိကန်ရဲ့ ဆန်ရှင်တွေကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။ ဒီနေ့အချိန်မှာ ကမ်ဘာကြီးဟာ ဘုံစိန်ခေါ်မှုတစ်ရပ်ကို တိုက်ထုတ်နေရတယ်။ ဒီ အချိန်အခါမှာ နယ်စပ်တွေ၊ အကျိုးစီးပွားတွေနဲ့ ဆက်စပ်တာတွေ မရွိဘူး။
ဋ္ဌလူသားချင်းစာနာထောက်ထားရေး၊ အသက်ရှင်သန်ရေးနဲ့ နေထိုင်နိုင်ရေးတွေပဲ ရှိတယ်။လို့ ဇာရစ္က ပြောကြောင်း ရှင်ဟွာသတင်းက ဖော်ပြပါတယ်။
အီရန်နိုင်ငံ နှစ်ဆခံစားရတာ၊ အကျပ်အတည်းကာလ စီမံခန့်ခွဲမှုမှာ ရွေးချယ်စရာ ကန့်သတ်ခံရတာ၊ နိုင်ငံသားတွေရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် အလြန္ကို စိုးရိမ်ရတာတွေဟာ ဆန်ရှင်နဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တစ်ချိန်တည်း ခါးစည်းခံရလို့ပဲ။လို့ ၎က ပြောပါတယ်။ အမေရိကန်ရဲ့ လွန်ကဲတဲ့ အလိုရမ္မက်ကို ဆန့်ကျင်ပြီး ကမ်ဘာအနေနဲ့ ကျင့်ဝတ်ရှိတဲ့ စိတ္ထား မွေးမြူဖို့ ဇာရစ္က တိုက်တွန်းရင်း ဆန်ရှင်တွေကို လိုက်နာရင်း ပိုပြီး စစ်ရာဇဝတ်မှုတွေဆီ ဦးတည်မသွားသင့်ဘူးလို့လည်း မှတ်ချက်ပြု ပြောဆိုပါတယ်။
အမေရိကန်ဟာ အီရန်အပေါ် စီးပွားရေးစစ်ပွဲ၊ စီးပွားရေးအကြမ်းဖက်မှုတွေ ဆင်နွှဲပြီး ပ်က္စီးရာ ပျက်စီးကြောင်း လုပ်နေတယ်။ COVID-19 နဲ့တောင် ဆေးပညာစစ်ပွဲ ဆင်နွှဲသေးတယ်။ ဒါဟာ စစ်တလင်းမှာ ခွင့်ပြုထားတာတွေထက်ကို ဘောင်ကျော်နေတဲ့ လုပ်ရပ်တွေ ဖြစ်တယ်။လို့ ၎က ပြောခဲ့ပါတယ်။
အီရန်နဲ့ ကမ်ဘာ့အင်အားကြီးနိုင်ငံတွေကြား ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယား သေဘာတူညီခ်က္ကေန နုတ်ထွက်ပြီးချိန်ကစပြီး အမေရိကန်ဟာ အီရန်အပေါ် ဆန်ရှင်တွေ ပြန်လည်ချမှတ်လာခဲ့တာပဲ ဖြစ်ပါတယ်။

#credit

Post a Comment

0 Comments