Jack Ma Foundation နှင့် Alibaba Foundation မွ ထောက်ပံ့ပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိ

Jack Ma Foundation နှင့် Alibaba Foundation မွ ထောက်ပ့ံ့လှူဒါန်းလိုက်သော ကျန်းမာရေးဆိုင်ရာဆိုရာအထောက်အကူပစ္စည်းများဖြစ်သည့်
နှာခါင်းစည်းများ၊ ရောဂါစမ်းသပ်ရေးကိရိယာများ၊ အကာအကွယ်ဝတ်စုံများနှင့် အခြားသောဆေးဘက်ဆိုင်ရာအထောက်အပံံ့ပစ္စည်းများကို မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ်၊မတ်လ ၃၀ ရက်တွင်လက်ခံရယူထားပြီး၊ အဆိုပါဝန်ကြီးဌာနမှ တနိုင်ငံလုံးသို့ဖြန့်ဖြူးပို့ဆောင်ရေးတွင်ကူညီပေးသွားမည်ဖြစ်သည်။
     
အဆိုပါပို့ဆောင်မှုသည် ယခင်ထုတ်ပြန်ထားသော ဖောင်ဒေးရှင်းနှစ်ခုမှ အာရှနိုင်ငံ ၂၃ ခုသို့လှူဒါန်းသော အရေးကြီးလိုအပ်သော ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများ စုစုပေါင်း နှာခေါင်းစည်း ၇.၄ သန်း၊ ရောဂါစမ်းသပ်ရေးပစ္စည်းပေါင်း လေးသိန်း ရှစ်သောင်း ငါးထောင်၊ အကာအကွယ်ဝတ်စုံပေါင်း တစ်သိန်းကျော် နှင့် အခြားသောဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ လှူဒါန်းမှု၏ တစိတ်တပိုင်းဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုသေသန ဌာန၊ ညွှန်ကြားရေးမှုးချုပ် Professor ဇော်သန်းထွန်း (ညာဘက်) ထံသို့ Jack Ma Foundation နှင့် Alibaba ဖောင်ဒေးရှင်း ကိုယ္စား မြန်မာနိုင်ငံ Daraz Group ရဲ့ Commercial Director ၊ Ron Aung (ဘယ်ဘက်) မွ ဖောင်ဒေးရှင်းက  မြန်မာနိုင်ငံအတွက် လှူဒါန်းသည့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများ လွှဲပြောင်းသည့် အခမ်းအနားတွင် ပါဝင်ခဲ့သည်။


Post a Comment

0 Comments