သင့်ကိုယ်ထဲတွင်သကြားဓာတ်လွန်ကဲနေကြောင်းသိနိုင်မယ့်အချက်များ

အချိူဓာတ်ကို လူတော်တော်များများ ကြိုက်ကြပါတယ်။အချိုပါသော အစားအသောက်မှန်သမျှဟာ အရသာရှိတာမှန်ပေမယ့် ပမာဏများများစားမိတဲ့အခါ ကျန်းမာရေးဆိုးကျိုးများစွာကို ဖြစ်စေပါတယ်။သင့်အနေနဲ့ အချိူစားတာလွန်နေပြီ အချိုကိုရှောင်ကြဉ်သင့်ပြီဆိုတာ အောက်ပါအချက်များက သတိပေးမှာ ဖြစ်ပါတယ်။

-ကြွက်သားနှင့်အဆစ်အမြစ်များ နာကျင်ခြင်း

သင်ဟာ ယခင်ကလောက် ဂေါက်ရိုက်ခြင်း နဲ့ လမ်းလျှောက်ခြင်းတွေမလုပ်နိုင်လောက်အောင် အရိုးအဆစ်တွေ နာကျင်နေပြီလား။ အချိုပမာဏလွန်ကဲသောအခါ သင့်သွေးထဲကို ယောင်ယမ်းခြင်းပစ္စည်းတွေ ထုတ်လွှတ်ပေးပါတယ်။သကြားစားတာများလေ ယောင်ယမ်းမှုများလေးဖြစ်ပါတယ်။မဆငိခြင်ပါက မျက်စိတိမ်စွဲခြင်း,မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ပါးရေတွန့်ခြင်းစတာတွေ ဖြစ်ပေါ်မှာဖြစ်ပါတယ်။

-အချိူကို စားပြီးရင်းစာချင်ခြင်း

လွန်ခဲ့တဲ့၁နာရီကမှ ကိတ်မုနိ့စားပြီး ယခု အချိုထပ်စားခြင်နေပြီလား။ သကြားဟာ ဒိုပါမင်းခေါ်သော စွဲလမ်းစေတဲ့ဟိုမုန်းကိုထုတ်ပေးပါတယ်။ ထို့အပြင်သကြားပါတဲ့အစားအစာတွေဟာ အာဟာရမရှိသလို ဗိုက်မပြညိ့တဲ့အတွက် သင့်အနေနဲ့ဆာလောင်နေမှာဖြစ်ပါတယ်။

-ဝက်ခြံများထွက်ခြင်း

သကြားပါတာတွေအစားများသောအခါ သွေးထဲမှာ အင်ဆူလင် အနေအထားမြင့်တက်လာပြီး အဆီကျိတ်များကိုလှုံ့ဆော်သောကြောင့် အဆီဖုဝက်ခြံများထွက်ပေါ်လာပါတယ်။

-အလေးချိန်တိုးခြင်း

အချိူစားရငိ ၀တယ်ဆိုတာသိကြပြီးဖြစ်ပါတယ်။သငိစားတဲ့ချောကလက်တစိတုံးက သင့်ဘောင်းဘီဆိုဒ်ကိုတိုးစေပါတယ်။အချိူစားသောအခါ သွေးတွင်းအင်ဆူလင်ပမာဏများလာပြီး အဆီတွေကို စုစေတာဖြစ်ပါတယ်။

-သွားပိုးစားခြင်း

အချိူကြိုက်သူများမှာ သွားပိုးပေါကိများရှိနေတတ်ကြပါတယ်။ ပုံမှန်သွားသန့်ရှင်းရေး လုပ်ပေးဖို့ လိူအပ်ပါတယ်။

-အချိုတစ်မျိုးတည်းကိုသာစားလိုခြင်း

နေ့စဥိအချိူစားသောအခါ သင့်လျှာပေါ်မှ အရသာဖုလေးများဟာ ထိုအချိုအရသာကိုသာမှတ်ထားတတ်ကြပြီး အခြားသောအစာများ ဥပမာ သစ်သီး စားသောအခါ အာသီသဖြစ်ခြင်းမရှိကြတော့ပါ။အချိူအစားများသောအခါ အာခေါင်များလဲ ထုံလာတတ်ပြီး တခြားအရသာများကိုခံစားလိုခြင်းမရှိဖြစိလာတတ်ပါတယ်။

-မကြာခဏအအေးမိခြင်း

သကြားအစားများခြင်းကြောင့် ကိုယ်ခံအားကိုနည်းစေတဲ့အတွက် သင်ဟာ မကြာခဏဆိုသလို တုတိကွေးမိတာ သတိထားမိလာမှာပါ။

-အစာမကြေဖြစ်ခြင်း

သကြားကို အူသိမ်များက ကောင်းမွန်စွာ မစုပ်ယူနိူင်ပါဘူး။ဒါကြောင့် အစာမကြေ လေပွတာကို မကြာခဏ ခံစားရပါတယ်။

သကြားပမာဏဘယ်လောက်ဆိုများတယ် သတ်မှတ်လဲ?

WHO စံနှုန်းအရ လူတစ်ဦးဟာ နေ့စဉ်စားသောက်မှုရဲ့ ၁၀ရာနှုန်းကိုသာ အချိူစားသင့်တယ်လို့ ဆိုပါတယ်။ ဒါဟာ လက်ဖက်စားဇွန်းရဇွန်းစာ ပမာဏဖြစိပါတယ်။ သကြားအစား သစ်သီး,သီးနှံများ,ကွေကာနဲ့နှံစားပြောင်းတို့က သဘာဝအချိူအရသာကိုခံစားသင့်ပါတယ်။

#credit

Post a Comment

0 Comments