ကိုရိုနာဗိုင်ရပ်စ်အရေးကြောင့် ဂျာမနီ ဘဏ္ဍာရေးဝန်ကြီး ကိုယ့်ကိုယ်ကို သတ်သေ

ဂျာမနီနိုင်ငံ ဟက်စ်ပြည်နယ်က ဘဏ္ဍာရေးဝန်ကြီး သောမတ်စ်ရှေဖှာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စီးပွားရေး ကျဆင်းတာကို ကိုင်တွယ်ဖြေရှင်းရာမှာ နက်နက်ရှိုင်းရှိုင်း စိုးရိမ်အပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဗော့ကာ ဘူဖီယာက မတ်လ ၂၉ရက်မှာ ပြောပါတယ်။

အသက် ၅၄နှစ် အရွယ်ဘဏ္ဍာရေးဝန်ကြီးကို စနေနေ့က ရထားသံလမ်းနားမှာ သေဆုံး လျက်သား တွေ့ရတာပါ။

“ကျနော်တို့ ထိတ်လန့်ခြောက်ခြားရတယ်။မယုံနိုင်လောက်အောင်ဘဲ တကယ့်ကို ဝမ်းနည်းပါတယ်”လို့ ဂျာမနီဝန်ကြီးချုပ်က ကြေညာချက်ထဲမှာ ပြောပါတယ်။

ဂျာမနီနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ဖရန့်ဖာ့တ်ဟာ ဟက်စ်ပြည်နယ်ထဲမှာ ရှိတာပါ။ ဥရောပ ဗဟိုဘဏ်နဲ့ တခြားအကြီးစားချေးငွေ ထုတ်ပေးရာ ဘဏ်တွေဟာလည်း သူတို့ ဌာနချုပ်တွေကို ဟက်စ်ပြည်နယ်မှာ ထားရှိပါတယ်။

ကူးစက်ကပ်ဘေးကြောင့် စီးပွားရေးကျဆင်းမှုအား ဖြေရှင်းရာမှာ ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကို ကူညီဖို့ ဘဏ္ဍာရေးဝန်ကြီးဟာ နေ့ရော ညပါ အလုပ်လုပ်ခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ခုလို ခက်ခဲတဲ့အချိန်မှာ  သူ့လိုလူကို လိုအပ်နေလိမ့်မယ်လို့လည်း ဝန်ကြီးချုပ်က ပြော ပါတယ်။

ဟက်စ်ပြည်နယ် ဝန်ကြီးချုပ်ဟာ ဂျာမန်အဓိပတိ အိန်ဂျလာမာကယ်နဲ့ နီးကပ်တဲ့ မဟာ မိတ်လည်း ဖြစ်တယ်လို့ သည်စထရိတ်တိုင်းမ်စ် သတင်းစာက ရေးသားပါတယ်။

Credit

Post a Comment

0 Comments