တရုတ်တွင် ဘတ်စ်ကားများ COVID-19 ပိုးသတ်ရာ၌ ပုံမှန်ပိုးသတ်ဆေးအစား ယူဗွီအလင်းရောင်အသုံးပြုမှု ထိရောက်

တရုတ်နိုင်ငံရှိ အများသုံးဘတ်စ်ကားများတွင်  COVID-19 တွယ်ကပ်မှုမရှိစေရေးပိုးသတ်ရာ၌ သမားရိုးကျ ပိုးသတ်ဆေးဖျန်းခြင်းအစား ခရမ်းလွန်ရောင်ခြည်(ယူဗွီ)ဖြင့် ပိုးသတ်လျက်ရှိကြောင်း သိရသည်။

ရှန်ဟိုင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီ Yanggao  သည် ဘတ်စ်ကားများအား ပိုးသတ်ဆေးဖျန်းသည့်အခန်းကို ယူဗွီပိုးသတ်ခန်းအဖြစ် ပြောင်းလဲအသုံးပြုခဲ့ရာ ယခင်က ဘတ်စ်ကားတစ်စီးလျှင် ဝန်ထမ်းနှစ်ဦးဖြင့် မိနစ် ၄၀ ကြာ ပိုးသတ်ရသည့်နေရာတွင် ယူဗွီအလင်းတန်းစနစ်ကြောင့် ငါးမိနစ်နှင့် ပြီးစီးကြောင်း သိရသည်။

လူသားဖြင့် ပိုးသတ်ဆေးဖျန်းရာတွင် အကြိုအကြားနေရာများ ကျန်နေတတ်သဖြင့်  COVID-19 ဆက်လက်ကူးစက်မည်ကို စိုးရိမ်ရသော်လည်း ယူဗွီအလင်းရောင်သည် အကြားအလပ်မရှိ ရောက်ရှိနိုင်သော ကြောင့် ပိုထိရောက်ကြောင်းကုမ္ပဏီမှ လက်ထောက်အထွေထွေမန်နေဂျာချင်ဂျင်က ပြောသည်။

ယူဗွီအလင်းရောင်ဖြင့် ပိုးသတ်ခန်းသည် ဘတ်စ်ကားတစ်စီးစာကျယ်ဝန်းပြီး ယူဗွီဖနြွ်ပန် ၂၁၀ ပါဝင်သည်။ ဝန်ထမ်းများက ဘတ်စ်ကားကိုနေရာချပြီးလျှင် အခန်းကို အလုံပိတ်ကာ ယူဗွီမီးများကို ဖွင့်လိုက်ရုံဖြစ်ကြောင်းသိရသည်။ ယူဗွီအလင်းရောင် အခန်းတစ်ခန်းလျှင် တစ်ရက်ကို ဘတ်စ်ကား ၂၅၀ ခန့် ပိုးသတ်နိုင်သည်။ Yanggao  ကုမ္ပဏီသည် တစ်ရက်လျှင် ဘတ်စ်ကားစီးရေ တစ်ထောင်ဝန်းကျင် ပိုးသတ်နေရသည်။

ယူဗွီအလင်းရောင်သည် ပိုးသတ်နိုင်သဖြင့် ဆေးရုံများ၊ ကျန်းမာရေးဌာန များတွင်လည်း အကန့်အသတ်ဖြင့် အသုံး ပြုလျက်ရှိသည်။ လူသား၏ အရေပြားကိုထိမိလျှင် အရေ ပြားယားယံခြင်းကအစ အခြားသော အရေပြားရောဂါများ ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။ ဝန်ထမ်းများကိုအပြင်ထွက်စေပြီး အခန်းကို အလုံပိတ်ပြီးမှ ဘတ်စ်ကားများကိုယူဗွီအလင်းရောင်ဖြင့် ပိုးသတ်ခြင်းဖြစ်ကြောင်း ချင်ဂျင်ကပြောသည်။   

Post a Comment

0 Comments