လူ (၃၃) သုံးဦးတွင် COVID-19 တွေ့ရှိသည်ဆိုသော သတင်းမှာ လုံးဝမဟုတ်ကြောင်း သတင်းမှားသာ ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ရှင်းလင်းပြောကြား



လူပေါင်း ၃၃ဦးတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသည်ဆိုသော သတင်းမှာ လုံးဝမဟုတ်ကြောင်းနှင့် ယမန်နေ့ညက ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည့်အတိုင်း ၂ ဦးသာရှိသေးကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရှင်းလင်းပြောကြားသည်။ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် `လတ်တလော Messenger တွေမှာ ဖြန့်ဝေနေတဲ့ ၃၃ ဦး Positive သတင်း လုံးဝမဟုတ်ပါဘူး။ လက်ရှိအခြေအနေအထိ ထုတ်ပြန်ထားတဲ့ ၂ ဦးသာရှိပါတယ်။ ကျန်းမာ/အားကစား ဝန်ကြီးဌာနအနေနဲ့ အမှန်အတိုင်းထုတ်ပြန်ပေးလျက်ရှိပါတယ်` ဟု ရှင်းလင်းရေးသား ထားသည်။

မသေချာ၊ မရရာသည့် သတင်းများကို မဖြန့်ကြရန်လည်း အစိုးရပြောရေးဆိုခွင့်ရှိသည်သူ မေတ္တာရပ်ခံထားသည်။မမှန်သတင်းဖြန့်သူမှာ အမျိုးသမီးဖြစ်ပြီး သူမအား ခြေရာခံ၍ မရသေးကြောင်းကိုလည်း ဦးဇော်ဌေးက အသိပေးပြောကြားသည်။

`Messenger ကနေ Voice file ကို Forward လုပ်ကြတာဖြစ်တဲ့အတွက် အသံပိုင်ရှင် အမျိုးသမီး ဘယ်သူလဲဆိုတာ လိုုက်လို့မရဖြစ်နေပါတယ်။ အစကို သိသူများသတင်းပေးကြပါ` ဟု ဦးဇော်ဌေးက ပြောကြားသည်။



ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အစိုးရအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များအား လုပ်ဆောင်နေကြောင်းကိုလည်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြည်သူများကို အသိပေးသည်။ဦးဇော်ဌေး က `အစိုးရေအနေနဲ့ လုပ်သင့်တာ မှန်သမျှ။ လုပ်ရမှာမှန်သမျှ အကုန်လုပ်နေပါတယ်။ လူထုပူးပေါင်းပါဝင်မှု အရေးကြီးပါတယ်` ဟုလည်း ပြည်သူများကို ပန်ကြားသည်။

ref:The Ladies News

Post a Comment

0 Comments