မန္တလေးကျောက်ဝိုင်းယာယီပိတ်ထား


Covid19ကြောင့်မဟာအောင်မြေကျောက်မျက်ရတနာ ရောင်း၀ယ်ရေးစခန်း ( ကျောက်ဝိုင်း )ကို ယာယီပိတ်လိုက်ပါပြီ။မန္တလေးကျောက်ဝိုင်းဟာဆိုရင် အထက်မြန်မာပြည်မှာအကြီးဆုံးကျောက်အရောင်းအ၀ယ်ပြုလုပ်တဲ့နေရာလည်းဖြစ်ပါတယ်။
ပြည်တွင်းမှာရောဂါပိုးတွေ့သူနှစ်ဦးရှိပြီလို့အစိုးရက ထုတ်ပြန်ပြီးတဲ့နောက်မှာ ချက်ချင်းပိတ်လိုက်တာဖြစ်တယ်လို့ ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီအတွင်းရေးမှူး ဦးမျိုးမြင့်နိုင်ကပြောပါတယ်။
ကျောက်ဝိုင်းကိုယာယီပိတ်လိုက်တာဖြစ်တဲ့အတွက် ဒီကနေ့ နေ့လယ်၁နာရီမှာတော့ ဆိုင်ခန်းရှင်တွေရဲ့ ကျန်ရှိတဲ့ပစ္စည်းတွေသယ်ယူခွင့်နေတာဖြစ်ပါတယ်။လက်ရှိမှာ ကျောက်ဝိုင်းအတွင်း အ၀င်အထွက်ပြုလုပ်နေရသူများကို လက်သန့်ဆေးစေတာတွေ၊ ကိုယ်အပူချိန်တိုင်းတာတွေနဲ့ ကျောက်ဝိုင်းအတွင်းမှာ ပိုးသတ်ဆေးဖြန်းတာတွေပြုလုပ်ပေးနေပါတယ်။

Post a Comment

0 Comments