တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ် ဒုတိယအကြိမ် ကူးစက် ပျံ့ပွားနိုင်ကြောင်း ကျွမ်းကျင်ပညာရှင် သတိပေး


တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများတွင် ဗိုင်းရပ်စွဲရောဂါ ကူးစက်လျှက်ရှိသူ အရေအတွက် တရိပ်ရိပ် များပြားလာခြင်းမှာ နိုင်ငံအတွင်း ဒုတိယအကျော့ ကူးစက်ပျံ့ပွားသည့် အကြီးစား ကပ်ရောဂါတစ်ခုနှင့် ရင်ဆိုင်ရလိမ့်မည်ကို ပြသနေကြောင်း ကိုရိုနာဗိုင်းရပ်စ်ကျွမ်းကျင်သူ ဦးဆောင်ပညာရှင် ပရော်ဖက်ဆာ လီလန်ဂျွမ်းက သတိပေးသည်ဟု Daily Mail သတင်းစာက ယနေ့ရေးသားသည်။((( Daily Mail., 23 March 2020 , “Beijing’s leading doctor warns of a NEW coronavirus outbreak in China after the country reported its first case of someone ‘catching the illness from a person returning from abroad’”

တူရကီမှ ပြန်လည်ရောက်ရှိလာသည့် အမျိုးသမီးတစ်ဦးနှင့် နီးကပ်စွာဆက်ဆံနေထိုင်သူ ဂွမ်ကျိုးနယ်သား ဒေသခံတွင် ဗိုင်းရပ်စ်ရောဂါနှင့်ဆက်နွယ်လျှက် ဖျားနာသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးအရာရှိများက ပြောကြားသည်။ ထိုအတွက် ပြည်တွင်းသို့ဝင်ရောက်လာသူများတွင် ရောဂါပိုးကူးစက်သူဦးရေ တိုးမြင့်လာခြင်းမှာ နောက်ထပ် ကပ်ရောဂါတစ်ခုအဖြစ် ပျံ့နှံ့လာမည်ကို စိုးရိမ်မိကြောင်း ကိုရိုနာဗိုင်းရပ်စ် ကျွမ်းကျင်သူ အမျိုးသမီးပါရဂူက ပြောဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ရောဂါ ဗဟိုချက်အဖြစ် ၂-လကျော်ကြာမြင့်အောင် တားဆီးပိတ်ဆို့မှုများနှင့် ကြုံတွေ့ခဲ့ရသော ဝူဟန်မြို့သည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ အခြားမြို့များသို့ ရောဂါကူးစက်ခြင်း မရှိစေရန် ထိန်းချုပ်ခြင်းနှင့် ကာကွယ်ခြင်းတို့မှာ ဆေးဘက်ဆိုင်ရာလုပ်သားများအတွက် အလွန်ခက်ခဲသော အလုပ်တစ်ခုဖြစ်ခဲ့ကြောင်း အသက် ၇၃-နှစ်အရွယ် အမျိုးသမီးဆရာဝန်ကြီးက ဆိုပါသည်။ ရောဂါတိုက်ဖျက်ရေးတွင် အဖွဲ့သားများနှင့်အတူ ရက်ပေါင်း ၅၀ ကျော် မမောနိုင် မပန်းနိုင် တာဝန်ထမ်းဆောင်ခဲ့သူက ကူးစက် ရောဂါနှင့်ပတ်သက်၍ တရုတ်နိုင်ငံအတွင်း အခက်အခဲများစွာ ကျန်ရှိနေသေးကြောင်း ဝန်ခံသည်။

ဗိုင်းရပ်စ်ပိုးစွဲကပ်လျှက်ရှိသူများ ဝင်ရောက်လာခြင်းကြောင့် တရုတ်နိုင်ငံအတွင်း ကြီးမားသော ရောဂါကပ် ပြန်လည်ဖြစ်ပေါ်လာနိုင်ခြင်းမှာ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ကူးစက်ခံထားရသူများအား တရားဝင်ဖော်ထုတ်ရန် ပါမောက္ခလီက တောင်းဆိုပါသည်။

ဂွမ်ဒေါင်းပြည်နယ် ကွမ်ကျိုးရှိ ဆရာဝန်များသည် တူရကီမှတရုတ်နိုင်ငံသို့ ဝင်ရောက်လာသူနှင့် အနီးကပ်ထိတွေ့မှု့ကြောင့် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါဖြင့် ဖျားနာလျှက်ရှိသူအား ပထမဆုံးအကြိမ်ရှာဖွေတွေ့ရှိခဲ့သည်။

၎င်းဖြစ်စဉ်မှာ တရုတ်နိုင်ငံပြင်ပမှ ဝင်ရောက်လာသည့် ဗိုင်းရပ်စ်ပိုးနှင့် ဆက်နွယ်လျှက်ရှိကြောင်း ကွမ်ကျိုးစည်ပင်သာယာကျန်းမာရေးကော်မရှင်က ယမန်နေ့ သတင်းထုတ်ပြန်ခဲ့သည်။

ကူးစက်ရောဂါကပ်ကျရောက်ခြင်းကို လှိုင်းများဖြင့်လည်း ဖော်ပြကြပါသည်။ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့ကို ဗဟိုပြုလျှက် ကျရောက်သော ပြင်းထန်အသက်ရှုလမ်းကြောင်းရောင်ရမ်းနာသည် ကူးစက်ပျံ့ပွားနှုန်းလျှင်မြန်သဖြင့် “ နိုင်ငံတကာစိုးရိမ်ရသော အများလူထုကျန်းမာရေးဆိုင်ရာအရေးပေါ် အခြေ အနေ “ အဖြစ် ဇန်နဝါရီလ ၃၀-ရက်နေ့တွင် WHO က ကြေညာပါသည်။

SARS-Cov-2 ခေါ် ဗိုင်းရပ်စ်ပိုးစွဲကပ်ခြင်းကြောင့် ဖြစ်ပွားသော Covid-19 ရောဂါသည် နိုင်ငံတကာသို့ ကူးစက်လျှက် ဖျားနာသေဆုံးခြင်းများ လျှင်မြန်စွာဖြစ်ပွားလာဖြင့် “ နိုင်ငံတကာ ကူးစက်ကပ်ရောဂါကျရောက်ခြင်း “ အဖြစ် မတ်လ-၁၁ ရက်နေ့တွင် တိုးမြှင့် သတ်မှတ်ရပြန်သည်။ ဤသည်ကို ဒုတိယလှိုင်းဟု နားလည်ထားကြသည်။

ယခုတရုတ်ဆေးသိပ္ပံပညာရှင်များစိုးရိမ်နေသည်မှာ အဆိုပါ ကူးစက်ကပ်ရောဂါမှာ နိုင်ငံအတွင်း ဒုတိယအကျော့ပြန်ဝင်လာနိုင်ခြင်းပင်ဖြစ်သည်။

နောက်ဆုံး တတိယလှိုင်းမှာ ဆင်းရဲနွမ်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအပေါ် အဓိက ကျရောက်လေ့ရှိပါသည်။ အိမ်နီးချင်းနှင့် နိုင်ငံကြီးများတွင် စီးပွားရေးနှေးကွေးခြင်းနှင့် အဆိုပါနိုင်ငံတို့က အချိန်ကာလတစ်ခုအတွင်း ပြည်စုံလုံလောက်သည့် ရောဂါတားဆီးကာကွယ်မှု့များ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အခါ နိုင်ငံငယ်များတွင် ဆိုးရွားသောစီးပွားရေး ဒါဏ်ရာဒါဏ်ချက်များအပြင် ဆိုးရွားသော နောက်ဆက်တွဲမျာူ ဖြစ်ပေါ်လာတတ်သည်။

လက်ရှိပျံ့ပွားနေသော ကိုရိုနာဗိုင်းရပ်စ်၏ တိုက်ခိုက်ပုံမှာ ထူးခြားလှပါသည်။ ရှေးဦးစွာ ဗိုင်းရပ်စ်ပိုးသည် စွဲကပ်ပြီး လူတို့၏ ကိုယ်ခံစွမ်းအားနှင့် လိုက်လျောညီထွေဖြစ်စေသည်။ ညှိနှိုင်းယူပါသည်။ ထို့နောက် ပိုမိုအင်အား ကောင်းလာသည်နှင့် လူ့ကိုယ်ခံစွမ်းအားနှင့် ပေါင်းကာ လူကိုပြန်၍ တိုက်ခိုက်ခြင်းဖြစ်သည်။

ထို့ပြင် ဗိုင်းရပ်စ်တို့၏ သဘာဝမှာ သည်အတိုင်း တစ်ဆင့်တည်း မနေတတ်ပါ ။ ပြည့်စုံလုံလောက်သည့် ဆေးဝါးကုသမှု မရှိခြင်းကြောင့် ပိုမိုခေါင်းထောင်လာတတ်သည်။ လူမှ လူချင်း၊ လူမှ တိရစ္ဆာန်၊ တိရိစ္ဆာန်အချင်းချင်း၊ တိရစ္ဆာန်မှ လူသို့ ကူးပြောင်းမှီခိုရင်း Mutation ဗီဇပြောင်းလာတတ်သည်။ ထိုအခါ ဖော်ထုတ်တီထွင်ပြီးစ ကာကွယ်ဆေး၊ ကုသဆေးများ အလဟဿဖြစ်ရတော့သည်။

ထိုသို့နောက်ဆုံးအဆင့်မှာ မတွေးရဲ စရာဖြစ်ပြီးလျှင် တတိယလှိုင်းလောက်ကိုပင် ကြံကြံခံ အံတုနိုင်ရန် ကျွန်တော်များအနေဖြင့် ဇွဲနှင့် ခွန်အား အပြည့်သုံး၍ မဆုတ်နစ်ကြိုးစားကြရန်သာ လိုအပ်ပါသည်။ ။

Credit

Post a Comment

0 Comments