ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးလိုက်သည့် မြန်မာနိုင်ငံသား (၉၂) ဦးတွင် Covid 19ဗိုင်းရပ် ရောဂါ သံသယရှိသူ လူနာ (၁၁) ဦး ပါဝင် လာကြောင်းသိရ


ထိုင်းနိုင််ငံ ၊ ဘန်ကောက်် မြို့တွင် ဖမ်းဆီးခံထားရ သူများအပါ အဝင် တာချီလိတ်် မြို့သို့ ယနေ့ (မတ် ၂၃ ရက်)နေ့လည်် ပိုင်းက လွှဲပြောင်းပေး လိုက်် သည့် မြန်မာနို င်ငံ သား (၉၂) ဦးထဲ တွင် သံသယ လူနာ (၁၁) ဦးပါ ဝင်ကြောင်း တာချီလိတ်် ခရိုင် Covid 19 အရေးပေါ်တုံ့ပြန်ဆောင် ရွက်ရေး အဖွဲ့ အတွင်းရေး မှူး ဒေါက်တာ ဂျန်ယံဆက်f်က ပြောသည််။
“သူတို့တွေက ဘန်ကောက်မှာ ၁၀ ရက်လောက်ပေါ့ အတူအချုပ်ခံထားရသူတွေပေါ့။ အဲဒီထဲက သံသယလူနာ ၁၁ ဦးဟာ ဖျားနာတာ၊ ကိုယ်အပူချိန်မြင့်တာနဲ့ ချောင်းဆိုးတဲ့ လက္ခဏာတွေ တွေ့ရတယ်” ဟု ဒေါက်တာ ဂျန်ယံဆက်က ပြောသည်။ တာချီလိတ် ချစ်ကြည်ရေး တံတားအမှတ်(၂)မှ လွှဲပြောင်းလိုက်သည့် အဆိုပါ မြန်မာနိုင်ငံသား ၉၂ ယောက်ထဲမှ ၉ဝဦး မှာ ဘန်ကောက်မြို့အကျဉ်းထောင်များမှ လွှဲပြောင်း လာခြင်းဖြစ်ပြီး နှစ်ဦးမှာမယ်ဆိုင်မြို့မှပါလာခြင်းဖြစ်သည်။
သံသယလူနာ ၁၁ ဦးလုံးမှာ အမျိုးသားများဖြစ်ပြီး ၎င်းတို့ကို တာချီလိတ်ခရိုင်ဆေးရုံကြီး၌ စောင့်ကြည့် သံသယလူနာ အဖြစ်ထားရှိ မည် ဖြစ် ကာ ကျန်သည့် ၈၁ ဦးကို မိုးကုတ်ဝိပဿနာရိပ်သာ၌ ၁၄ ရက်ထားရှိစောင့်ကြည့်သွားမည်ဖြစ်သည်။ဘန်ကောက်အကျဉ်းထောင်မှ မြန်မာနိုင်ငံသားများကို ပုံမှန်အားဖြင့် မြဝတီမြို့သို့လွှဲပြောင်းပေးလေ့ရှိသော်လည်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ကို ထိုင်းအစိုးရက ပိတ်ထား သည့် အတွက် တာချီလိတ်သို့လွှဲပြောင်းလာခြင်းဖြစ်သည််။
Credit

Post a Comment

0 Comments