ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တွင် COVID-19 positive လူနာ မရှိသေးကြောင်း ထုတ်ပြန်


၂၄.၃.၂၀၂၀ ရက်နေ့ နေ့လယ် ၁:၀၀ နာရီ အထိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တွင် တက်ရောက်ကုသနေသော COVID-19 positive လူနာမရှိသေးပါ။
ကောလဟာလအသံဖိုင်များ များပျံ့နှံ့နေပါသဖြင့် ပြည်သူလူထုအနေဖြင့် တရားဝင် သတင်းထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ကောလဟာလ ရေးသားထုတ်လွင့်ဖြန့်ချီသူများကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Source-Yangon General Hospital

Post a Comment

0 Comments