အီတလီတွင် ကိုရိုနာကူးစက်ခံ သက်ကြီးလူနာများကို အသက်ရှူစက် တပ်မပေးရန် အမိန့်ထုတ်


အီတလီမြောက်ပိုင်းမှာ အသက် ၆၀ ကျော်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာတွေကို အသက်ရှူစက်တွေ တပ်ဆင်ပေးခွင့်မပြုဖို့ အမိန့်တွေထုတ်ထားတယ်လို့ ပါးမားမှာ ကုသနေတဲ့ အစ္စရေးဆရာဝန်တယောက်က မတ် ၂၂ ရက်နေ့မှာ ထုတ်ပြောလိုက်ပါတယ်။ပါးမားမှာ ဗိုင်းရပ်စ် ကူးစက်ခံလူနာတွေကို ကုသနေတဲ့ အစ္စရေးဆရာဝန် ဂိုင်ပဲလက်က အစ္စရေးရုပ်သံ Channel 12 ကို ပြောတာလို့ ဂျေရုဆလင်ပို့စ် သတင်းစာမာ ဖော်ပြထားပါတယ်။

ဆရာဝန်က သူ့ဌာနမှာ လူနာတွေ ပိုများလာနေလို့၊ သေလုနီးပါး အခြေအနေဆိုးနေတဲ့လူနာတွေကို ခွဲထားဖို့ သတ်မှတ်ချက်တွေရှိပေမဲ့ မိသားစုတွေနဲ့ ပေးတွေ့ခွင့်ပေးထားတယ်လို့ ပြောပါတယ်။အချို့ သတင်းတွေမှာတော့ သေဆုံးသူဦးရေများလာလို့ ကျန်ရစ်သူမိသားစုဝင်တွေဟာ အလောင်းကို ပုံမှန်အတိုင်း မသင်္ဂြိုဟ်နိုင်တာလည်း ရှိတယ်လို့ ဆိုပါတယ်။အသက်ခြောက်ဆယ်အထက် လူနာတွေကို အသက်ရှူစက်တွေ တပ်ဆင်ကုသခွင့် မပေးတော့တာက ဆေးရုံတွေမှာ အဲဒီစက်တွေက အရေအတွက်အကန့်အသတ်ပဲရှိတာကြောင့်လို့ ဆိုပါတယ်။

ဒီလိုပဲ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုဒဏ်ခံနေရတဲ့ စပိန်မှာလည်း မျှော်မှန်းသက်တမ်း ၂ နှစ်ကျော်ရှိတဲ့လူနာတွေကို ဦးစားပေးကုသဖို့၊ လူ့အဖွဲ့အစည်းအတွက် လူနာရဲ့တန်ဖိုးရှိပုံ အလားအလာတွေကို ထည့်တွက်ပြီး ဦးစားပေးကုသဖို့ အကြံပြုထားတာတွေ ရှိနေပါတယ်။ဒါပေမဲ့ စပိန်လက်ထောက်ဝန်ကြီးချုပ် ပါဘလို အစ်ဂလတ်စီယတ်စ်ကတော့ အစိုးရဟာ သက်ကြီးရွယ်အိုတွေကို ပိုကုသနိုင်ဖို့ ဂေဟာတွေ တိုးတက်ထားရှိမယ်လို့ မတ် ၁၉ ရက်နေ့က ပြောထားပါတယ်။စပိန်ဟာ ပြီးခဲ့တဲ့အပတ်ကပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ရတဲ့ကုမ္ပဏီတွေ၊ အလုပ်သမားတွေနဲ့ အခြားသော ထိခိုက်လွယ်တဲ့ အုပ်စုဝင်လူတွေကို ကူညီဖို့ ယူရိုငွေ ဘီလီယံ ၂၀၀ သုံးစွဲမယ်လို့ ထုတ်ပြန်ထားတာပါ။
#credit

Post a Comment

0 Comments