ဧရာမကတ်ကြေးနဲ့ ဘီးနဲ့ ဆံပင်ညှပ်ပေးတဲ့ တရုတ်ဆံသဆိုင်


တရုတ်နိုင်ငံက ဆံကေသာပညာရှင်နှစ်ဦးကတော့ ဧရာမကတ်ကြေးနဲ့ ဧရာမဘီးကိုကိုင်ပြီး ဆံကေသာပုံသွင်းညှပ်ပြနေတဲ့အတွက် ကိုလူအများ စိတ်ဝင်တစားနဲ့ လာရောက်ကြည့်ရှုနေကြပါတယ်။သူတို့နှစ်ဦးရဲ့လှုပ်ရှားမှုပုံရိပ်က ပညာ သားပါကာ ဧရာမကတ်ကြေးနဲ့ ဟန်ချက်ညီညီ အသုံးပြုကိုင်တွယ်ပြီး ဆံပင်တွေညှပ်ပစ် ပုံသွင်းချိန်မှာ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းပြီး design ကလဲအရမ်းမိုက်တဲ့အတွက် အမျိုးသား၊အမျိုးသမီးတွေက သဘောကျလျှက်ရှိတာကို လည်း မြင်တွေ့ရပါတယ်။

သူတို့ရဲ့ကျွမ်းကျင်မှုကအလွန်ကောင်းပြီး အရမ်းလည်းစိတ်ဝင်စားဖို့ကောင်း သလို ပြကွက်ပြီး ထွက်လာတဲ့ ဆံပင်ပုံစံကလည်း ခေတ်မီဆန်း သစ်ပြီး စတိုင်လ်မိုက်ပုံပန်းကျတာကြောင့် ချန်ရှမြို့တော်က ပြည် သူတွေက သူတို့ဆံပင်တွေကိုပုံသွင်းဆံသဖို့ ဆံကေသာပညာရှင် နှစ်ဦးထံ ညှပ်ပေးဖို့ တောင်းဆိုထားကြတာပဲဖြစ်ပါတယ်။

Post a Comment

0 Comments