သတင်းကောင်းပါ,,,ဝူဟန့်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် လုံးဝမရှိတော့ပါဘူ



သတင်းကောင်းပါ,,,ဝူဟန့်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် လုံးဝမရှိတော့ပါဘူ

မတ် ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ ဝူဟန့်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်များ လုံးဝ မရှိကြောင်း xinhua သတင်းမှာဖေါ်ပြထားပါတယ်။ပြည်နယ်အတွင်းသံသယလူနာတစ်ဦးတစ်ယောက်မျှ ထပ်မံတိုးပွားလာခြင်းမရှိကြောင်း ၊ မတ် ၁၇ ရက် တွင် လူနာသစ်လုံးဝ မရှိသည့် မှတ်တမ်းရရှိခဲ့ကြောင်း နှင့် ကူးစက်မှုအမြင့်မားဆုံးအခြေအနေကို ကျော်ဖြတ်ခဲ့ပြီ ဖော်ပြထားပါတယ်။
ရောဂါသက်သာလာ၍ မတ် ၁၈ ရက်တွင် ပြည်နယ်အတွင်း ဆေးရုံဆင်းခွင့်ရသော လူနာအရေအတွက်မှာ ၇၉၅ ဦးရှိကြောင်း ၊ အခြေအနေအလွန်ဆိုးဝါးသော လူနာ ၁,၈၀၉ ဦး နှင့် ရောဂါပြင်းထန် လူနာ ၄၆၅ ဦး အပါအဝင် ဆေးရုံတင်ထားရသော လူနာအရေအတွက်မှာ ၆,၆၃၆ ဦးအထိ လျော့ကျသွားခဲ့ကြောင်း သိရသည်။
ကိုရိုဗိုင်းရပ်စ် ကူးစက်သူဦးရေဟာ တစ်ကမ္ဘာလုံးမှာ နှစ်သိန်းကျော်ထက်မနည်း ရှိရာ အများစု ပမာဏ ၈၀ ရာခိုင်နှုန်းကတော့ ဥရောပနဲ့ အနောက်ပစိဖိတ်ဒေသတွေအပြင် အာရှရဲ့ နယ်မြေများစွာလည်း အပါအဝင် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
နိုင်ငံအများစုက လူစုဝေးခြင်း မပြုအောင်၊ ကူးစက်မှု နှေးကွေးစေဖို့ အဓိက လူစုလူဝေးပွဲတွေကို ပယ်ဖျက်တာနဲ့ ကျန်းမာရေးစနစ်က ဖိအားများကို လျှော့ချတာတွေ အပါအဝင် ပြင်းထန်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ကာ ဗိုင်းရပ်စ်ဘေးကို ကာကွယ်တားဆီးနေရပါတယ်။
“ဗိုင်းရပ်စ်ကို မတွန်းလှန်နိုင်၊ မထိန်းချုပ်နိုင်သေးပေမယ့် နိုင်ငံတွေအနေနဲ့ သီးခြားခွဲနေတာ၊ စမ်းသပ်တာ၊ ကုသတာနဲ့ ခြေရာခံတာတွေကို လုပ်ဆောင်ရမှာ ဖြစ်တယ်။”လို့ WHO အကြီးအကဲ တီဒရို့စ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

Post a Comment

0 Comments