ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းမှာ အရေးပေါ်အခြေနေ ကြေညာတော့မည်



ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းမှာ အရေးပေါ်အခြေနေ ကြေညာတော့မည် ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာတော့မှာဖြစ်ပါတယ်။ ကြာသပတေးနေ့ကစပြီး တလကြာ အရေးပေါ်အခြေအနေ စတင်ချမှတ်ဖို့ ထိုင်းအစိုးရအဖွဲ့က သဘောတူထားပြီးပြီ လို့ ဝန်ကြီးချုပ် Prayuth Chan-ocha က ဒီကနေ့ပြောပါတယ်။ ထိုင်းနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်သူ ၁၀၆ ဦး ထပ်တိုးလာတာကြောင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ စုစုပေါင်း ၈၂၇ ယောက်အထိ ရှိလာပြီဆိုတာ အတည်ပြုထုတ်ပြန်တဲ့ အင်္ဂါနေ့မှာပဲ အရေးပေါ်အခြေအနေ ကြေညာမယ့်အကြောင်း ဝန်ကြီးချုပ်က ပြောတာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံမှာ သေဆုံးသူပေါင်းကတော့ လေးဦး ရှိသွားပါပြီ။ နိုင်ငံတော် အရေးပေါ်အခြေအနေ စပြီး အာဏာသက်ရောက်ပြီဆိုရင်တော့ အစိုးရအနေနဲ့ အပြင်မထွက်ရအမိန့် ထုတ်ပြန်တာ၊ သတင်းမီဒီယာတွေကို ဆင်ဆာလုပ် ပိတ်ပင်တာ၊ လူစုလူဝေးတွေကို ဖြိုခွဲတာ၊ စစ်တပ်အင်အား အသုံးပြုတာ စတဲ့ သာမန်အခြေအနေမှာ မရတဲ့ လုပ်ပိုင်ခွင့်တွေ ရလာမှာဖြစ်ပါတယ်။ အများပြည်သူအနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိကြဖို့ ရုပ်သံကထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ် Prayuth က တိုက်တွန်းခဲ့သလို ဆိုရှယ်မီဒီယာကို မတော်မလျော် အသုံးပြုတာတွေအပေါ် သတိပေးပြီး ချိုးဖောက်သူတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် အရေးယူသွားမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအထိက ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူအရေအတွက်ဟာ ၁၀ ယောက်တောင် မရှိခဲ့ဘဲ လွန်ခဲ့တဲ့ သီတင်းတပတ်ထဲမှာတင် ရာနဲ့ချီတိုးလာတာတောင်မှ ဝန်ကြီးချုပ် Prayuth အစိုးရက အခိုင်အမာ အရေးယူလုပ်ဆောင်မှု မရှိတဲ့အပေါ် ဝေဖန် ပြောဆိုကြပါတယ်။

#credit

Post a Comment

0 Comments