တောင်ကိုရီးယားသို့ အလုပ်သမား စေလွှတ်ခြင်းနှင့် စာမေးပွဲကိစ္စရပ်များ ယာယီရပ်ဆိုင်း


တောင်ကိုရီးယားသို့ အလုပ်သမား စေလွှတ်ခြင်းနှင့် စာမေးပွဲကိစ္စရပ်များ ယာယီရပ်ဆိုင်း

COVID-19 ကူးစက်မှု ကာကွယ်ရေးအတွက် တောင်ကို ရီးယားနိုင်ငံသို့ အလုပ်သမားစေ လွှတ်ခြင်းနှင့် စာမေးပွဲကိစ္စရပ် များကို ယာယီရပ်ဆိုင်းကြောင်း အစိုးရပြည်ပအလုပ်အကိုင်ရှာ ဖွေရေး အေဂျင်စီက မတ်လ ၂၀ ရက်တွင် ကြေညာသည်။
‘‘ပြန်လည်ပြုလုပ်မယ့်ရက် ကို ပြန်ပြီးကြေညာပေးပါမယ်’’ ဟု အစိုးရပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်သင်းသင်း လွင်က ပြောသည်။
အစိုးရပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီသည် (၁၄) ကြိမ်မြောက်ကိုရီးယားဘာသာအ ရည်အချင်းစစ်စာမေးပွဲ (EPS- TOPIK)လျှောက်လွှာကို မတ်လ ၃၀ ရက်မှ ဧပြီ ၃ ရက်အထိ လက် ခံရန်လျာထားပြီးနောက် အစီ အစဉ် ရွှေ့ဆိုင်းခြင်းဖြစ်သည်။

Post a Comment

0 Comments